Part 51

4.1K 264 3
                                        

အပိုင်း (၅၁)

လီရှင်း မလှမ်းမကမ်းတွင်ရှိနေသည့် လုဝမ်ဝမ်ကို လှမ်းကြည့်ပြီး ပါးစပ်ထဲမှ စီးကရက်ကို ဖွာထုတ်လိုက်သည်။ ပန်းရောင်သန်းနေသော ပါးနုနုလေးများနှင့် ပါးစပ်ထဲမှ ထွက်လာသည့် တည့်တိုးဆန်ပြီး စိန်ခေါ်သည့်စကားများကို ကြည့်ပြီး သူမက ယခင်ကလို မုန်းစရာမကောင်းတော့မှန်း ရုတ်တရက်ကြီး သိလိုက်ရသည်။

အနောက်ခုံတွင် ထိုင်နေသည့် ကျောင်းရှီကျုံးက ရုတ်တရက် ထရယ်ကာ အဓိပ္ပါယ်ပါပါ ဆိုလာ၏။

“အဲ့ဒီတော့ မင်းတို့က မကွာရှင်းရသေးဘူးပေါ့”

‘ဟုတ်တာပေါ့ သူတို့နှစ်ယောက်က ဘယ်ကွာရှင်းကြမလဲ ဘယ်လိုလုပ်ပြီး လုဝမ်ဝမ်က ရှန်းရီဆိုတဲ့ ဒီလိုအပင်ကြီးကြီးကို လက်လွှတ်နိုင်ပါ့မလဲ? အရင်ကတော့ ယောက်ျားဖြစ်သူကို အထင်သေးရှုတ်ချခဲ့ပေမဲ့ အခုကျတော့ ယောက်ျားလုပ်သူက ရှန်းမိသားစုရဲ့ဒုတိယသားဖြစ်နေတယ်ဆိုတာကို သိနေပြီလေ။ သူမကသာ သူ့ကို အလွယ်တကူလက်လွှတ်ပေးလိုက်တယ်ဆိုရင် ဒါက အတော်လေးအဓိပ္ပာယ်မရှိဘဲ ဖြစ်နေမှာပေါ့’

လီရှင်းသည် ယနေ့တွင် လုဝမ်ဝမ်၏အစီစဉ်တင်ဆက်မှုကို ကြည့်ရန် စိတ်မဝင်စားသဖြင့် လက်ကို ဝှေ့ယမ်းကာ ဆိုလိုက်သည်။

“ရီကော အကို့ဘာသာပဲ သွားတော့ ကျွန်တော် သူနဲ့အတူ ကားထဲမှာ စောင့်နေမယ်”

ကျောင်းရှီကျုံးက သူ့ကို မျက်နှာသာမပေးမည်ကို မည်သူကသိမည်နည်း။ သူက ပြုံးပြီး ဆိုလာ၏။

“မင်းဘာသာ တစ်ယောက်တည်းစောင့်၊ ငါကတော့အထဲဝင်ပြီး ပျော်စရာတွေကို သွားကြည့်မှာ”

လီရှင်းက အနည်းငယ်အံ့အားသင့်သွား၏။

‘ကျောင်းရှီကျုံး ဆိုတဲ့ ဒီကောင်က လုဝမ်ဝမ်ကို အမြင်ကပ်ဆုံးမဟုတ်ဘူးလား? ပျော်စရာလေးတွေသွားကြည့်မယ်ဆိုတာ ဘာကိုပြောချင်တာလဲ?’

ရှန်းရီသည် တစ်ခဏ စိုက်ကြည့်လာသော်လည်း ဘာမှတော့ မပြောချေ။

ဆန့်ကျင်ဘက်အနေဖြင့် တည်တည်ငြိမ်ငြိမ်မနေနိုင်သူက လီရှင်းသာဖြစ်သည်။ ကျောင်းရှီကျုံး၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး : “ခဏနေအုံး ငါမင်းကို‌မေးစရာရှိသေးတယ်”

HOL(မူပိုင်ရှင်)Where stories live. Discover now