one short [Unicode]

65 2 0
                                    

Unicode

"ငါတို့ လမ်းခွဲရအောင် ငယ်"

ပြတ်သားမှု အချို့ပါသော မျက်နှာထားဖြင့် ထိုအမျိုးသားသည်
ကျွန်တော့်မျက်နှာအား ကြည့်၍ ပြော​နေခဲ့သည်

"​ ဟား...မနောက်ပါနဲ့မောင်ရဲ့"

ဘာမှမဖြစ်သလို ပြုံး၍ ပြောလိုက်
သော်လည်း ကျွန်တော့် စကားသံ၌ ငိုသံတွေယှက်ပါသွားသလား မသိပါချေ။

"မောင်နောက်နေတာ မဟုတ်ဘူးငယ်
မောင် သွယ်နဲ့လက်ထပ်တော့မှာ"

ကျွန်တော့်ပါးပြင်ပေါ်က တစ်အိအိကျဆင်းလာခဲ့သည်​့ မျက်ရည်တွေ၊
မျက်ရည်တွေနဲ့ ကျွန်တော်ဟာ ရူးမိုက်စွာ ရယ်နေမိပြန်​ပါလား။

"သိပြီးသား မောင် ငါသိပြီးသား
ဘာတဲ့ မောင်​အထက်တန်းကတ​ည်းက လိုက်ခဲ့ရတဲ့ မောင့်ရဲ့အချစ်ဦးဆို"

မောင်သည် မယုံကြည်နိုင်စွာ ကျွန်တော့်အားကြည့်လာခဲ့သည်

"ဟား... ငါ့ကို မင်းလောင်းရိပ်မှာပဲနေ၊
မင်းပြောသမျှ ယုံပြီး ဘာမှမသိဘူးလို့ ထင်နေတာလား မောင်"

"ချစ်လွန်းလို့ မောင်ရဲ့ ဒီကကောင်ချစ်လွန်းလို့ မောင့်ရဲ့ဘေးမှာ မျက်စိပိတ် နားပိတ်နေခဲ့တာ"

မောင်သည် ကျွန်တော့်အပေါ် အနည်းငယ်သနားသွားသည့်ထင်၊
တောင်းပန်တိုးလျိုးသည့် မျက်ဝန်းတွေနှင့်ကြည်​့လာခဲ့သည်
မကြည့်နဲ့မောင် ငါ့ကိုအဲ့လိုတွေနဲ့ မကြည့်နဲ့
ငါက ဘယ်သူ့ဘယ်သူရဲ့ အသနားခံမှ မဖြစ်ချင်ဘူး

"မောင်တကယ် တောင်းပန်တယ်ငယ်၊
မင်းနဲ့ငါက အစတည်းက ဘယ်လိုမှမဖြစ်နိုင်တဲ့သူတွေ မောင့်မိဘတွေကလည်း မောင့်ကို မင်းနဲ့ ကြည်ဖြူမှာမဟုတ်ဘူး"

"မောင်ရာ...မင်း အခုမှဒါတွေဘာလို့ လာပြောနေတာလဲဟမ် မောင်...ငါနဲ့တွဲလာထဲက ဒါတွေကိုမင်း မစဥ်းစားမိဘူးလား"

မောင်သည် တခဏတော့ တိတ်ဆိတ်သွားခဲ့ပါ၏ ။

"....."

"ဟားးး...မင်းမပြောနိုင်တော့ဘူးမလားမောင် ဒါဆိုဘာလို့...ဘာလို့ငါနဲ့တွဲခဲ့
သေးလဲ..ဟမ် မင်းမှာ ရည်ရွယ် ထားတဲ့ မိန်းကလေးရှိရဲ့နဲ့ငါနဲ့ဘာလို့တွဲခဲ့သေးလဲလို့"

မောင့်အတ္တငယ် (ေမာင့္အတၱငယ္) [one short]Where stories live. Discover now