level up⏩💙

185 18 15
                                    


ဒီလိုနဲ့ လက်ချိုးရေခဲ့ရတဲ့နေ့လေးရောက်လာခဲ့ပါပြီ

" ဘိုင်ဘယ် ဒါဘယ်သွားမလို့လဲ "

သိရဲ့သားနဲ့သက်သက်မယ့်မေးနေတဲ့ခွေးကောင်တွေကို စိတ်ရှိတိုင်းလုပ်ချင်ပင်မယ့် တအားမျှော်နေခဲ့ရတဲ့နေ့‌ေလးမို့ သူတို့ဘာပြောပြော လစ်လျူရှုလိုက်တယ်။

"ကျောင်းဆေးခန်းကွာ ကျောင်းဆေးခန်းကို ဟုတ်ပြီလား " ဆိုပြီး ပြောလိုက်တော့

"နေဦး ဒီပုံစံနဲ့သွားရင် ဟိုက ပြန်လွှတ်လိုက်လိမ့်မယ် " ဆိုပြီး ပြောတာမို့ ခြေဆုံးခေါင်းဆုံး ကိုယ့်ကိုကိုပြန်ငုပ်ကြည့်လိုက်တယ်

"ဘာဖြစ်လို့လဲ ချောပါတယ်ဟ ငါသေချာ ဖီးလိမ်းထားပါတယ် "

ကျောင်းဝတ်စုံဆို ဘယ်တော့မှ သေချာမဝတ်တဲ့ငါက ခုတော့ ဝတ်စုံပြည့်ကိုမှ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့အပြင် ရေမွှေးပါကောက်စွတ်လိုက်ပါသေးတယ်ပြီးတော့ ငါရဲ့ချောမောတဲ့ရုပ်ရည်နဲ့ တောင့်တင်းတဲ့bodyပါထည့်ပေါင်းလိုက်ရင် လုံးဝperfectဘဲ အဲ့ဒါကိုဘာလိုနေသေးလို့လဲ

"ဟခွေးကောင်ရ မင်းသွားမှာ ဆေးခန်းကွ၊ ဟိုကဆရာဝန်နော် မင်းသားအရွေးခံမယ့် agency မဟုတ်ဘူး "

အဲ့ကျမှ သဘောပေါက်တော့တယ်

"အော်ဟုတ်သားဒဏ်ရာရအောင်လုပ်ရမယ်ဆိုတော့ သားကြီးတို့ ငါ့ကိုတချက်‌ေလာက်ထိုးကွာ" ဆိုပြီး

ပြောမယ့်စကားတောင်မဆုံးသေးဘူး ဘယ်ကတည်းက ငါ့ကိုဝိုင်းဆော်ချင်ကြလဲမသိဘူး ဆွမ်းကြီးဝိုင်းလောင်းလိုက်ကြတာများ အားရပါးရ

"ဟိူးးး တော်တော့ ဒီလောက်ဆို ရပြီ ငါကိုအငြိုးနဲ့တော့ တမင်လုပ်နေတာမဟုတ်ဘူးမလား " ဆိုပြီး

ငါသိတယ်နော်ဆိုတဲ့အထာနဲ့ပြောလိုက်တော့ ဟဲဟဲဆိုပြီး သွားဖြဲပြလာတယ်။

"ကဲကဲသွားတော့ မင်းအချစ်ကလေးကိုသွားတွေ့တော့ " လို့ဆိုတဲ့စကားမှာတော့ နဲနဲသဘောတွေ့သွားတယ်၊

ပါးစပ်အရသာခံတယ်ဆိုတာဒါမျိူးလား

" Buiကို Bible ရဲ့အချစ်ကလေး"ဆိုတဲ့ အမည်နာမက အတော်‌ေလးနားထောင်လို့ကောင်းနေတယ် ဆယ်ခါမပြောနဲ့ ဒါမျိုးဆို အခါ၁၀၀လောက်နားထောင်ပစ်လိုက်မယ်၊

Boyfriend Mission Where stories live. Discover now