Mission complete!🏁💙

225 19 12
                                    

အရင်ကတအားမျှော်ခဲ့ရတဲ့ သောကြာနေ့ကိုတော့ ရောက်လာခဲ့ပြန်ပြီ...ဒါမယ့် ဒီနေ့တော့ ကျောင်းဆေးခန်းကို သွားဖို့ ငါ့မှာအင်အားမရှိ

ခုံပေါ် ခေါင်းစိုက်ကာ မောက်အိပ်‌ေနလိုက်တော့

"Wichapasတို့ ဒီနေ့ ကျောင်းဆေးခန်းကို မသွားပါလား၊ ထူးထူးဆန်းဆန်း "

"ပိုထူးဆန်းတာက ဟိုမှာ ဆရာဝန်လေးက အခန်းအရှေ့ထိလာခေါ်တဲ့ service ကိုရသွားလို့ အဲ့ကောင်တမင်မသွားတာဘဲနေမှာ "

ငါ့ဘေးကနေ ပေါက်ကရလေးဆယ်ပြောနေတဲ့ ခွေးကောင်တွေစကားကို ယုံမနေဘူး

ဟိုနေ့က သူ့ကျောင်းရှေ့မှာ ဖွင့်ပြောခဲ့တဲ့ငါ့ကို buiလား အခန်းရှေ့ထိလာခေါ်မှာ ဝေးသေး...

မယုံရေးချ မယုံ

"Bible" ဆိုတဲ့ညင်သာတဲ့အသံလေးနဲ့ခေါ်လိုက်တဲ့သူက

"Bui!!!! " ဆိုပြီး ချက်ချင်းမတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကလဲ ခုံကိုရိုက်လိုက်သေးတာမို့

"ဟလန့်တာ ဖြေး‌ဖြေးလုပ်ပါ Wichapas ရ " ဆိုပြီး အခုမှ အသည်းလာနုပြနေတဲ့ သူငယ်ချင်းတသိုက်ကိုလဲ အဖက်မလုပ်နိုင်

"Bui ကျွန်တော်ဆီလာတာလား? " ဆိုပြီး ငါ့နေရာကနေ ဘယ်လိုလုပ်ပြီး အခန်းရှေ့ရောက်သွားလဲမသိသလို ခြေလှမ်းဘယ်နှယ့်လှမ်းနဲ့ သွားလိုက်လဲဆိုတာတောင် မသိလိုက်

"အင်း စကားခဏပြောလို့ရမလား " ဆိုပြီး မေးလာတာမို့ ချက်ချင်းခေါင်းညိတ်ပြလိုက်တယ်။

ခဏမဟုတ်ဘူး၊ တသက်လုံးပြောလဲရတယ်နော်bui

"သခင်နောက် အမြီးနှံ့နှံ့နဲ့လိုက်သွားတဲ့ ခွေးလေးလား အမ် ဟေ့ကောင် Wichapas "

"သွားပါစေ အချစ်နွံထဲကျွံကျနေတဲ့ကောင်ကို  မပြောပါနဲ့ မင်းတို့ကလဲ " ဆိုပြီး အခန်းပေါက်ကနေ လှမ်းစနေတဲ့ ‌ခွေးကောင်တွေ မင်းတို့အလှည့်ကျမှတွေ့မယ် ဆိုပြီး အသံတိတ်ကြိမ်းဝါးလိုက်တယ်

**************

Buiခေါ်လာတဲ့နေရာက စာကြည့်တိုက်ဘဲ၊ စကားပြောမယ်ဆိုပြီး စာကြည့်တိုက်ကိုခေါ်လာရတာလား... romantic မဆန်လိုက်တာbuiရယ်

Boyfriend Mission Where stories live. Discover now