ပြတင်းပေါက်က၀င်လာတဲ့အလင်းရောင်တွေက ဆေးရောင်ဖြူသုတ်ထားတဲ့ နံရံကိုပိုပြီး တောက်ပဖို့ပံ့ပိုးပေးနေသယောင်၊
ခမ်းနားလှတဲ့မီးဆိုင်ကြီးတွေဆီကလည်း ဝါကျင်ကျင်မီးရောင်နဲ့အတူ လေထုကနွေးထွေးနေသယောင်၊
ဖွင့်ထားတဲ့ သီချင်းကတော့ပတ်၀န်းကျင်နဲ့မလိုက်ဖက်စွာပါပဲ ဆူညံ့နေတဲ့အမျိူးအမည်မသိသီချင်းပေါင်းများစွာ...
အကြောင်းပြချက်ကတော့စံအိမ်ကြီးရဲ့အခန်းထောင့်တစ်ခုမှာငိုနေတဲ့ အိမ်ကြီးရှင်ငယ်လေးရဲ့ ရှိုက်သံတွေကိုဖုံးကွယ်ဖို့တဲ့။
အိမ်ကြီးရှင်ငယ်လေး...
ရွှေပေါ်မြတင်သူဠေးသားလေး...
အဆင်းရောအချင်းရောပြည့်စုံတဲ့သခင်လေး...သခင်ငယ်လေးရှင်းဂျယ်ယွန်း ငိုနေရတဲ့အကြောင်းပြချက်ကဘာများပါလိမ့်...
အဖြေဟာ သူကိုယ်တိုင်လိုလိုချင်ချင်ရွေးချယ်တည်ဆောက်ခဲ့တဲ့ အိမ်ထောင်တစ်ခုကြောင့်ဖြစ်တယ်။
***
စံအိမ်ကြီးတစ်ခုလုံးကို လင်းထင်းနေစေတယ်။
ဂျယ်ယွန်းက အထီးကျန်စရာမှောင်မှိုင်းမှိုင်းအရောင်တွေကို ကြောက်တယ်။
စံအိမ်ထဲမှာ ဆူဆူညံညံသီချင်းကျယ်ကျယ်တွေကို အချိန်တော်တော်များများဖွင့်ထားစေတယ်။
ဂျယ်ယွန်းက ခြောက်ကပ်တဲ့ တိတ်ဆိတ်ခြင်းတွေကိုကြောက်တယ်။
သူမြတ်နိုးရတဲ့သူတွေအကုန်လုံးနဲ့ လဲလှယ်ပြီးချစ်ခဲ့ရတဲ့ တစ်လောကလုံးမှာသူအချစ်ရဆုံးအမျိုးသားဆီက ရှင်လျက်နဲ့ သေသူလိုစွန့်ပစ်ခံထားရတဲ့ နောက်ပိုင်းပေါ့။
တကယ်တော့ဂျယ်ယွန်းဟာအထီးကျန်ခြင်းရဲ့ ညှင်းပန်းခြင်းကိုခံနေရတဲ့ သားကောင်ငယ်ပဲဖြစ်တယ်။
******
"အိခုရားးး ငါ့ကိုစောင့်ဦးလေ"
"ဟူးဟူးကငါ့ကိုမှီအောင်လိုက်လေ ဟီးဟီး"
ပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေးရဲ့အစွန်းတွေကော့တက်တဲ့အထိ ရယ်မောနေခဲ့တဲ့ကလေးလေးရယ်၊ မောဟိုက်လို့ ဖြူစွတ်နေတဲ့အသားအရေမှာ ပါးနှစ်ဖက်နီဆွေးလာတာတောင် အလှဆုံးပြုံးပြလို့ပြေးလိုက်နေတဲ့ကလေးလေးရယ် ၊ နုနုနယ်နယ်အရွယ်ကလေးငယ်လေးတွေဟာ အဖြူစင်ဆုံးရယ်မောကာ ပျော်ရွှင်နေခဲ့ကြသည်။
YOU ARE READING
Yellow Chrysanthemum
Short Storyအဝါရောင်ဂန္ဓမာတွေဟာ လျစ်လျူရှု့ခံရတဲ့ အချစ်ကိုဖော်ဆောင်သတဲ့.... 𝗼𝐭𝐩//𝐇𝐞𝐞𝐉𝐚𝐤𝐞