pt.1

453 35 17
                                    

ပြတင်းပေါက်က၀င်လာတဲ့အလင်းရောင်တွေက ဆေးရောင်ဖြူသုတ်ထားတဲ့ နံရံကိုပိုပြီး တောက်ပဖို့‌ပံ့ပိုးပေးနေသယောင်၊

ခမ်းနားလှတဲ့မီးဆိုင်ကြီးတွေဆီကလည်း ဝါကျင်ကျင်မီးရောင်နဲ့အတူ လေထုကနွေးထွေးနေသယောင်၊

ဖွင့်ထားတဲ့ သီချင်းကတော့ပတ်၀န်းကျင်နဲ့မလိုက်ဖက်စွာပါပဲ ဆူညံ့နေတဲ့အမျိူးအမည်မသိသီချင်းပေါင်းများစွာ...

အကြောင်းပြချက်ကတော့စံအိမ်ကြီးရဲ့အခန်းထောင့်တစ်ခုမှာငိုနေတဲ့ အိမ်ကြီးရှင်ငယ်လေးရဲ့ ရှိုက်သံတွေကိုဖုံးကွယ်ဖို့တဲ့။

အိမ်ကြီးရှင်ငယ်လေး...

ရွှေပေါ်မြတင်သူဠေးသားလေး...
အဆင်းရောအချင်းရောပြည့်စုံတဲ့သခင်လေး...

သခင်ငယ်လေးရှင်းဂျယ်ယွန်း ငိုနေရတဲ့အကြောင်းပြချက်ကဘာများပါလိမ့်...

အဖြေဟာ သူကိုယ်တိုင်‌လိုလိုချင်ချင်ရွေးချယ်တည်ဆောက်ခဲ့တဲ့ အိမ်ထောင်တစ်ခုကြောင့်ဖြစ်တယ်။

***

စံအိမ်ကြီးတစ်ခုလုံးကို လင်းထင်းနေစေတယ်။

ဂျယ်ယွန်းက ‌အထီးကျန်စရာမှောင်မှိုင်းမှိုင်းအရောင်တွေကို ကြောက်တယ်။

စံအိမ်ထဲမှာ ဆူဆူညံညံသီချင်းကျယ်ကျယ်တွေကို အချိန်တော်တော်များများဖွင့်ထားစေတယ်။

ဂျယ်ယွန်းက ခြောက်ကပ်တဲ့ တိတ်ဆိတ်ခြင်းတွေကိုကြောက်တယ်။

သူမြတ်နိုးရတဲ့သူတွေအကုန်လုံးနဲ့ လဲလှယ်ပြီးချစ်ခဲ့ရတဲ့ တစ်လောကလုံးမှာသူအချစ်ရဆုံးအမျိုးသားဆီက ရှင်လျက်နဲ့ သေသူလိုစွန့်ပစ်ခံထားရတဲ့ နောက်ပိုင်းပေါ့။

တကယ်တော့ဂျယ်ယွန်းဟာအထီးကျန်ခြင်းရဲ့ ညှင်းပန်းခြင်းကိုခံနေရတဲ့ သားကောင်ငယ်ပဲဖြစ်တယ်။

******

"အိခုရားးး ငါ့ကို‌စောင့်ဦးလေ"

"ဟူးဟူးကငါ့ကိုမှီအောင်လိုက်လေ ဟီးဟီး"

ပန်းနုရောင် နှုတ်ခမ်းဖူးဖူးလေးရဲ့အစွန်းတွေကော့တက်တဲ့အထိ ရယ်မောနေခဲ့တဲ့ကလေးလေးရယ်၊ မောဟိုက်လို့ ဖြူစွတ်နေတဲ့အသားအရေမှာ ပါးနှစ်ဖက်နီ‌ဆွေးလာတာတောင် အလှဆုံးပြုံးပြလို့ပြေးလိုက်နေတဲ့ကလေးလေးရယ် ၊ နုနုနယ်နယ်အရွယ်ကလေးငယ်လေးတွေဟာ အဖြူစင်ဆုံးရယ်မောကာ ပျော်ရွှင်နေခဲ့ကြသည်။

Yellow Chrysanthemum Tahanan ng mga kuwento. Tumuklas ngayon