pt.4

174 26 10
                                    

ဂျယ်ယွန်း‌နိုးလာတော့ဆေးရုံတစ်ခုရဲ့ကုတင်ပေါ်မှာဖြစ်တယ်။မုန်းပါတယ်ဆိုမှ ဆေးရုံပါတင်ပေးရတဲ့ကိုကို့ကို အားနာစရာ။

သူမေ့နေတာ ရက်သတ္တပတ်တစ်ပတ်လောက်ရှိပြီမှန်း တာ၀န်ကျဆရာမလေးကပြောတဲ့အခါအံ့ဩသွားရပြန်တယ်။

အစာအိမ်ရောင်ပြီး ကိုယ်ခံအားတောင်မကျန်လောက်အောင်အာဟာရပြတ်လပ်နေတာမို့ နလံထူဖို့အချိန်ယူရကြောင်းလည်းပြောခဲ့တာမို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိပြန်သည်။

သူမေ့နေတုန်း ဘယ်သူတွေများလာကြည့်ပေးလဲလို့မဝံ့မရဲမေးမိတော့ ကြည့်ကောင်းသည့်လူရွယ်တစ်ယောက်ကလွဲတစ်ခြားသူမရှိဟု အဖြေရတာနဲ့ကိုကိုတစ်ယောက်တည်းမှန်းသိလိုက်ရပြီး နာနာမသိသေးကြောင်းနားလည်ပြီးစိတ်အေးသွားရသည်။

အင်း...ကိုကို့ကိုတော့ တောင်းပန်ရတော့မည်။သူ့လိုလူတစ်ယောက်ကိုအိမ်ထောင်ဖက်အဖြစ်တာ၀န်ယူနေရတာမို့ အလုပ်ပို‌တာကြောင့် ကိုကိုတော်တော်စိတ်ရှုပ်နေမှာပင်။

ဂျယ်ယွန်းသတိရလာပြီး နောက်နေ့မှာပင်ကိုကိုရောက်လာခဲ့သည်။မျက်နှာတည်နဲ့ ပါလာတဲ့အစားအသောက်နဲ့အသုံးအ‌ဆောင်တွေကိုလူနာကုတင်ဘေးကကစားပွဲပေါ်နေရာချနေတဲ့ကိုကို့ကိုကြည့်ရင်း

"တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်အလုပ်ရှုပ်သွားလို့"

"အင်း"

တစ်ခွန်းသာအကြောင်းပြန်လာတဲ့သူက ဂျယ်ယွန်းနဲ့စကားမပြောချင်မှန်းသိသာတာမို့ ဘာမှဆက်မပြောပဲတိတ်တိတ်နေလိုက်ပါတယ်။

တိတ်ဆိတ်နေတဲ့ သီးသန့်လူနာခန်းမှာ ကိုကို့ရဲ့laptopဆီက စာရိုက်သံတဖြောက်ဖြောက်နဲ့အတူ ဂျယ်ယွန်းလည်းအတွေးတချို့နဲ့ နားမလည်နိုင်ဖြစ်နေသည်။

စောင့်ရှောက်ပေးဖို့နာ့စ်မလေး‌လည်းငှားထားပေးသည့်တိုင် ကိုကိုဟာဘာကြောင့် မပြန်သေးပဲသူ့ကိုစောင့်ပေးနေရပါသလဲ။

အင်း mannerကောင်းတဲ့သူဖြစ်သည့်အလျှောက် တာ၀န်လည်းသိတဲ့သူတစ်ယောက်အနေနဲ့ခင်ပွန်းသည်တာ၀န်ကို‌မပျက်ကွက်ချင်တာမို့ အလုပ်ရှုပ်ခံနေပုံပင်။သူအလွန်အားနာနေမိသည်။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 19 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Yellow Chrysanthemum Où les histoires vivent. Découvrez maintenant