Part-3

438 66 1
                                    

Chapter 3

ဆယ်ရက်ကြာပြီးနောက် မြို့တော်ကြယ်တွင် ....

ငွေရောင်အာကာသယာဉ်သည် မြို့တော်ကြယ်သို့ ဖြေးညှင်းစွာ ဆိုက်ကပ်လာခဲ့၏။ ထိုသည်ကို မြင်လိုက်သော ဝန်ထမ်းတစ်ဦးက အမိန့်လက်ခံနေရာမှ ချက်ခြင်း ထရပ်ကာ အလေးပြုလိုက်သည်။

"ဘယ်သူ့အာကာသယာဉ်လဲ ..."

ဘေးနားမှ လူအားလုံး အလေးအနက်ဖြစ်သွားသည်ကို မြင်လိုက်ရသူတစ်ဦးက မေးလိုက်သည်။

"ကျောက်အိမ်တော်ကလေ ..."

နံဘေးမှသူက တီးတိုးပြောလိုက်သည်။

"မာရှယ်ကျောက်ရဲ့ အိမ်တော်ကလား ..."

သူက အလန့်တကြား မေးလိုက်သည်။

"အဲ့ဒီ့မိသားစုကလွဲလို့ ဘယ်ကျောက်မိသားစု ဖြစ်နိုင်ဦးမှာလဲ ..."

မာရှယ်နှင့် ဇာ့ဂ်ဘုရင်မတို့၏ တိုက်ခိုက်မှုမှတ်တမ်းဗီဒီယိုမှာ အင်တာနက်တွင် ကြည့်ရှုနှုန်းအများဆုံးဖြစ်သည်။ တိုက်ခိုက်ရေးယာဉ်ငယ်ကို မောင်းနှင်ကာ ဇာ့ဂ်ဘုရင်မကို အပြတ်ချေမှုန်းနိုင်ခဲ့သည့် မာရှယ်၏ မှတ်တမ်းဗီဒီယိုကို ကြည့်မိလေတိုင်း မျက်ဝန်းထောင့်တို့မှာ ဟန်မဆောင်နိုင်အောင် ရဲရဲနီနေဆဲဖြစ်သည်။

သင်္ဘောထဲမှ ယာဉ်ပျံတစ်စီး ထွက်လာသည်အထိ လေတပ်စခန်းတစ်ခုလုံးသည် လုပ်လက်စတို့ကို ပစ်ချထားကာ အသံတိတ် လိုက်ကြည့်နေကြသည်။

ယာဉ်ငယ်ထဲတွင် ရမ်ရှန့်သည် မျက်ဝန်းဝိုင်းကြီးတို့ဖြင့် ပြတင်းပေါက်အပြင်ကို တအံ့တဩ ငေးကြည့်နေသည်။

"ဒီရက်ပိုင်း တွေ့လာရသမျှ အားလုံးက အထူးတဆန်းတွေချည်းပဲ။

ဒီနေရာမှာ ဘာစွမ်းအားမှလည်း မခံစားရဘူး။  တစ်ချို့သူတွေရဲ့ ခန္ဓာကိုယ်မှာ စွမ်းအားတွေ ရှိပေမယ့်လည်း အဲဒါက မသေမျိုး စွမ်းအားနဲ့ လုံးဝကို မတူပြန်ဘူး။

ဆိုတော့ ကြည့်ရတာတော့ သူ အဖမ်းခံလိုက်ရတာ မဟုတ်ဘဲ ဒီလူတွေက သူ့ကို ကယ်လိုက်တာထင်တယ်။ အဲ့ဒါကြောင့် ကောင်းကောင်းဆက်ဆံပေးနေတာ နေမှာ။

မာရှယ်နှင့် သူ၏ဂျင်ဆင်းလေးWhere stories live. Discover now