Chapter 13

2.5K 459 9
                                    

Unicode

     နှစ်ရက်အတွင် စူးယိရန်က Apple Live နှင့် စာချုပ်တစ်ခုကို တရားဝင်ချုပ်ဆိုခဲ့သည်။
    
စာချုပ်ချုပ်သည့်နေ့က ပိတ်ရက်ဖြစ်ကာ ကုယွမ်းထင်က အလုပ်သွားစရာမလိုတာကြောင့် သူပါအတူလိုက်လေသည်။
    
ဘာကြောင့်ရယ်တော့မသိ။ စူးယိရန်သည် စီနီယာအစ်မနှင့် စာချုပ်မှာလက်မှတ်ထိုးစဥ် စီနီယာအစ်မ၏ မျက်နှာအမူအရာက အနည်းငယ်မူမမှန်ဖြစ်နေကြောင်း ခံစားလိုက်ရ၏။
    
ထိုနေ့က ဆိုင်မှာစာချုပ် ချုပ်ကြပြီးနောက် စီနီယာအစ်မက ကိစ္စရှိ၍ဟုဆိုကာ စကားတောင်ဆုံးအောင်မပြောနိုင်ဘဲ စာချုပ်ကိုယူ၍ အမြန်ထွက်သွားကာ အလျင်စလိုလှမ်းထွက်သွားသည်မှာ မသိလျှင် သည်နေရာကနေ တကယ့်ကို ထွက်သွားချင်နေသည့်အလားပင်။
    
စူးယိရန် တစ်ချက်စဥ်းစားကြည့်လိုက်ကာ ဒါက သူ၏ ထင်ယောင်ထင်မှားပင် ဖြစ်မှာပါဟု တွေးလိုက်သည်။စီနီယာအစ်မက အလျင်စလိုဖြစ်နေတာ ပုံမှန်ပင် ဖြစ်ပါလိမ့်မည်။
    
သူ ထပ်တွေးမနေတော့။စာချုပ်ချုပ်ပြီးနောက် သည်နေ့ထုတ်လွှင့်မည့်ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကိုသာ စစဥ်းစားနေလိုက်သည်။
    
မနေ့မနက်က စာချုပ်ချုပ်အပြီးမှာ ၎င်းက ပိတ်ရက်ဖြစ်တာကြောင့် စီးပွားရေးဧရိယာရှိ လူအသွားအလာက တိုးပွားလာကာ ဆိုင်ကလည်း ည ဆယ်နာရီထိအလုပ်ရှုပ်နေခဲ့တာကြောင့် မနေ့က တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ခဲ့ရချေ။
    
လူသစ်များကို ရှာဖွေရန်နှင့် ထောက်ပံ့ရန်အလို့ငှာ Apple Live က လူသစ်များစာချုပ်ချုပ်ပြီး ပထမဆုံးလွှင့်သည့် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ၂နာရီကြာပေးမည်ဖြစ်သည်။ဥပမာအားဖြင့် စူးယိရန်၏ Live Roomက နေ့စဥ်နေထိုင်မှုကဏ္ဍ- အစားအသောက်အမျိုးအစားဖြစ်ကာ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုကို နေ့စဥ်နေထိုင်မှုကဏ္ဍ-အစားအသောက်အမျိုးအစားပေ့ချ်အောက်မှာ recommendထားသည့် ဘီးပုံစံအဝိုင်းရှိပြီး ဝဘ်ပေ့ချ်နှင့် App linkကို တစ်ခါတည်း ချိတ်ပေးထားသည်။

လက်တလောနှစ်များအတွင်း တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းရှိအသွားအလာစီးဆင်းမှုနှုန်းက ရုတ်ချည်းထိုးတက်လာခဲ့ပြီး 5G လိုင်းဆွဲအားဖုန်းများပေါ်ထွန်းလာမှုနှင့်အတူ ဝက်ဘ်ပေ့ချ်ကိုသုံးစွဲသည့်လူကလည်း နည်းသထက်နည်းလာခဲ့သည်။App ဘက်ခြမ်းရှိ စီးဆင်းမှုအရှိန်အဟုန်က ပလက်ဖောင်းတစ်ခုလုံးမှာ ထိပ်တန်းဦးစားပေး ဖြစ်လာခဲ့လေ၏။
    
ယခင်တစ်ခေါက်က စီနီယာအစ်မက စူးယိရန်အား အမြတ်အစွန်းကိုစစ်ဆေးကြည့်ဖို့ အသေးစား Recommendation လေးသာ ပေးခဲ့ရာ ယင်းက ဝဘ်ပေ့ချ်နှင့် ဆက်နွယ်မိရုံသာရှိသည်။
    
ထို့ကြောင့် စာချုပ်ချုပ်ပြီး ပထမဆုံးလွှင့်သည့် လိုက်ဖ်က လူသစ်များအတွက် အလွန်အရေးကြီးလေသည်။ဤအခွင့်အရေးပြီးသည့်နောက် Recommendation များဟာ တိုက်ရိုက်ထုတ်လွှင့်မှုဒေတာများပေါ် မူတည်၍ အဆင့်သတ်မှတ်သွားမည် ဖြစ်၏။Recommendation များကိုတောင် မစောင့်နိုင်တော့သည့် တချို့ အစီအစဥ်တင်ဆက်သူများအနေဖြင့် ပရိသတ်တွေ တဖြည်းဖြည်းတိုးလာဖို့အတွက်ကတော့ နဂိုပုံမှန်တိုက်ရိုက်ထုတ်လွှင့်မှုအပေါ်သာ မှီခိုဖို့ရှိလေသည်။
    
ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှု၏ များပြားလှသော ရေစီးကြောင်းအရှိန်အဟုန်ကိုဖြတ်၍ တည်ငြိမ်သောပရိသတ်တွေကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခြင်းရှိမရှိကတော့ ကိုယ့်ကိုယ်ပိုင်စွမ်းဆောင်နိုင်မှုပေါ် မူတည်ပေသည်။
    
စူးယိရန်သည်လည်း ဤတိုက်ရိုက်ထုတ်လွှင့်ခြင်း၏ အလွန်အရေးပါမှုကို အလေးထား,ထားကာ ဘယ်လိုအချိုပွဲလုပ်မည်၊ ပရိသတ်တွေနှင့် ဘယ်ပုံဆက်သွယ်မည်၊ ဘယ်စတိုင်သုံးမည် စသဖြင့် စဥ်းစားထားပြီးပြီတောင် ဖြစ်၏။
    
စိတ်ထဲမှာ အကြမ်းဖျင်းအကြံဥာဏ်နှင့်အတူ သူက ဝေးပေါ်က 'ယိထင်'အချိုပွဲဆိုင် အကောင့်ထဲ လော့ဂ်အင် ဝင်လိုက်သည်။
    
ဤဝေးပေါ်အကောင့်က သူဆိုင်မဖွင့်ခင်က ဖန်တီးထားခြင်းဖြစ်ကာ အသိအမှတ်ပြုလက်မှတ်တွေ၊ big V တွေ မပါပေ။ ဆိုင်ပထမဆုံးဖွင့်စဥ်က ဝေးပေါ်မိုးမန့်မှာသာ ပို့စ်တင်ပြီး ထိုကတည်းက အပ်ဒိတ် မဖြစ်တော့တာဖြစ်သည်။
    
ပုံမှန်ဆို ဆိုင်မှာ သူဟာ ကာစတန်မာတွေကို ဆိုင်၏တရားဝင်ဝီချတ်အကောင့်ကနေ အဓိကအားဖြင့် ကြော်ငြာလေ့ရှိပြီး ဝေးပေါ်ကို သိပ်အာရုံမထားခဲ့ပေ။ ခုဆို ဝေးပေါ်မှာ ဖော်လိုဝါ ၄၀လောက်သာရှိပြီး အကုန်လုံးက သူ့သူငယ်ချင်းများနှင့် ဝေးပေါ်ကပို့သော ဖန်အတုများသာပင်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now