part(1)

21 4 8
                                    

'မှာထားတာရပါပြီ'

'ကျေးဇူး'

အညိုရောင်ခွက်လေးဖြင့် ကျနစွာဖျော်ထားသော အသဲပုံ ကော်ဖီခွက်လေးကို စားပွဲထိုးမှ ချပေးလိုက်စဉ် သူယဉ်ကျေးစွာ ပြုံး၍ ကျေးဇူး တင်လိုက်၏။ဤဆိုင်သည် လှိုင်းခတ်သံငယ်ဟူ‌သော ကောင်လေး သောက်နေကြ black adomဆိုင်ဖြစ်၏။

ထို့နောက်သောက်ပြီးသည်နှင့် ကျသင့်ငွေ ရှင်းကာ အလုပ်သို့ သွားရန် သူစီးလာသော ဆိုင်‌ကယ်အဟောင်းလေးအား စက်နိုးလိုက်၏။ ကစ်တံအား အကြိမ်ကြိမ်နင်း၍နိုးပါသော်လဲ မနိုး၍ လှိုင်း စိတ်တိုလာ၏။ လူကြားထဲ ဒီဆိုင်ကယ်ဟာ အရှက်ခွဲလွန်းသည်။

တီ! တီ!တီ!

စိတ်တိုနေချိန်ဝင်လာသောဖုန်းကြောင့် လှိုင်းမကိုင်ချင်သော်လဲ နှစ်ယောက်မရှိသော အဖေ၏ ဖုန်းကြောင့် ကိုင်လိုက်၏။

'ဟယ်လို ပါး'

လှိုင်း ထွက်နေသော ချွေးများအား သုတ်ကာ ပြောလိုက်၏။

'သား ပါး ရွာပြန်တော့မယ် မင်း မားက အလှုပွဲကို ယောက်ျား သားနဲ့မှ သွားချင်တယ်ဆိုပြီး ဂျစ်တိုက်နေတာ'

' ပါး ဘာနဲ့ပြန်မှာလဲ သားက ကျောင်းတစ်ဖက်နဲ့ အားတာမဟုတ်ဘူး '

' ရတယ် ပါး ရွာက ကားမြို့ကို ကုန်လာတင်မှာ အဲ့ဒီ ကားနဲ့ပြန်လိုက်မယ် စိတ်ပူမနေနဲ့ မင်းကျောင်းသားတွေ စောင့်နေရောပေါ့ '

' သားကျောင်းမရောက်သေးမှန်း ပါး ဘယ်လိုသိလဲ'

' မင်းက ပါးရဲ့သားပါ ထားပါ သွားတော့ နောက်ကျနေမယ် ပါး မင်းပြန်လာရင်စားဖို့ ဟင်းချက်ခဲ့ပေးမယ်'

' ဟုတ် ပါး မွ '

ဖုန်းလေးကျပြီးနောက် လှိုင်းသက်ပြင်းချလိုက်၏။ ထို့နောက် ကျောင်းဆရာ ဝတ်စုံ အဖြူလေးအား ကျနစွာ ပြင်ရင်း ဆိုင်ကယ်အား တွန်းသွား ရလေ၏။ လှိုင်း၏ မိသားစုသည် မဆင်းရဲသော်လည်းမချမ်းသာပေ။ သို့ပေမဲ့ အေးချမ်းလှ၏။ ကျေင်းဆရာ လုပ်ပြီးရွာမှ ကလေးတွေကကို စာသင်ရန်ပြင်ဆင်ထားသော်လဲ ကံအားမဆီလျော်စွာပင် မြို့တွင်သာ တာဝန်ကျခဲ့ရ၏။

ထိုမှ စ၍ သူ၏ဘဝ စလုံးရေး စ ဖြစ်တော့ပြီ။

ရင်ထဲက လှိုင်းငယ်....Where stories live. Discover now