မိုးများအုံ့နေသည်ကြောင့် လာမကြိုဟုထင်ထားသော်လဲ ကျောင်းရှေ့တွင် အဝါရောင်ကားလေးသည် ပုံစံမပျက် နေရာယူနေလေ၏။
လှိုင်း ကားထံသို့သွားကာ ကားမှန်အားခေါက်လိုက်၏။ထို့နောက် ကားမှန်ကျလာကာ ပါဝပါမျက်မှန်မထူမပါးနှင့် စာအုအထူကြီးတစ်အုပ်အားဖတ်နေသော ထိုစောပြည်ဝေဠုမောင်ဆိုသည့် လူသားအားေတွ့လိုက်ရ၏။
အိမ်နေရင်း ပေါ့ပါးပါး T-shirt အဝါသည် ထိုလူကြီးနှင့်မှ ကျပ်နေသယောင်။ထိုလူကြည့်ရသည်မှာ အဝါရောင်အတော်ကြိုက်သည့်ပုံပင်။သူ့အားမြင်သည်နှင့် စာအုပ်အားပိတ်ကာ ကားမှန်ဘောင်ပေါ်ရှိ အဝါရောင် ပိုကီမွန်အရုပ်လေးနားအား တင်လိုက်၏။
'တက်လေ'
'ဟုတ်'
'ခါးပတ်ပတ်ဦး ဆိုင်ကယ်က ပြင်ပြီးပြီ မင်းအိမ်လဲပို့ပြီးပြီ '
'ဗျာ!'
လှိုင်းဒီတစ်ခါတော့ မအံ့ဩဘဲမနေနိုင်တော့ပါ။တကယ်ထိုလူကြီးက ဘယ်လိုလူမျိုးပါလိမ့်။
'ကိုယ်က အဲ့လိုလူမျိုး ကိုယ်နဲ့သိတဲ့လူရဲ့အကြောင်းကို သေချာစုံစမ်းတတ်လို့ရွာကဆိုတော့ မင်းကသဘောကောင်းမှာလို့ ကိုယ်ထင်တယ်'
'ဟမ်! ကျွန်တော်ကသာမန်အထက်တန်းပြလေးတစ်ယောက်ပါဗျာ ဦး အဲ့လောက်စုံစမ်းရအောင် ကျွန်တော်က mafia လဲမဟုတ်ဘူး'
'ကျစ်!'
စုတ်သပ်လိုက်၍ သူများဘာမှားသွားလို့လဲ လှိုင်း စဉ်းစားကြည့်တော့ သူက မိုးရွာသည်ကို စုတ်သပ်သည်ဘဲ။
'ဟို ဟို'
'ကိုယ့်အိမ် ကိုလိုက်ခဲ့ မင်းအိမ်ကိုပြန်ဖို့မဖြစ်နိုင်ဘူး'
'ဒါပေမဲ့'
'အထွန့်တက်နေလို့ရအောင် မင်းအိမ်ပြန်မဲ့လမ်းက အခုချိန် ဗွက်အိုင်ဖြစ်နေပြီ တကယ် မင်းနေရာကောင်းရွေးသင့်တယ် လမ်းေလျှာက်ပြန်တောင် ဗွက်နစ်ပြီးသေတဲ့မသာ ဆိုပြီး ကြားရဦးမယ်'
ထိုသို့ပြောလိုက်တော့ အောက်နှုတ်ခမ်းအား ကိုက်ကာ ခေါင်းငုံ့သွားရင် တိုးဖွဖွေေပြာေသာ စကားကြောင့် စောပြည် စိတ်မကောင်းဖြစ်သွားရ၏။
YOU ARE READING
ရင်ထဲက လှိုင်းငယ်....
Actionအချစ်ဆိုတာ ကျွန်တော့် နှလုံးသား ခုန်နေရင် ဖြစ်ပေါ်တာလားဟင်