part 2

11 4 8
                                    

နှိုး၍မရပါသော အချစ်တော်ဆိုင်ကယ်လေးအားတွန်ပြီး သွားရန်သာ လှိုင်းဆုံးဖြတ်လိုက်၏။စိတိထဲတွင်တော့ ဆိုင်ကယ်လေးအား ကျိန်ဆဲလျက်ဖြင့်သာ

'ဟင်'

လှိုင်း ဟင်ခနဲဖြစ်သွားကာ မျက်စိရှေ့မှ ပြုတ်ကျသွားသော ဖာများကို ကောက်ကာ အလုပ်ရှုပ်နေသော လူကောင်ခပ်ထွားထွားသူအား အမြင်မတော်စွာပင် ဝင်ကူလုပ်ပေးရန်ဆုံးဖြတ်လိုက်၏။

ထို့နောက် ဆိုင်ကယ်ထောက်လေးထောက်ကာ ကုန်းကောက်နေသော ထိုလူ့ရှေ့သို့သွားရပ်ကာ

'ဟေ့လူ'

ဖြူသွယ်သွယ် ခြေထောက်လေးသည်  မိမိမျက်နှာရှေ့သို့ ရောက်လာ၍ လန့်သွားသော်လဲ မော့ကြည့်ရန် အချိန်မရ။ ထိုသို့မော့မကြည့်သောကြောင့်ထင်သည် ဒေါသ သံလေးစွက်ကာ ကျွန်တော့်ကို ခေါ်လာသောသူအားမော့ကြည့်လိုက်၏။

ကြည့်ရတာကျောင်းဆရာလေးနှင့်တူ၏။‌ကျွန်တော့ထက် အသက်ငယ်ပုံရသော ထိုကောင်လေးသည် သေးသေးသွယ်သွယ်လေးပင်။မျက်ခုံးတန်းနှစ်ခုတို့က အလိုမကျစွာ တွန့်ကွေးနေ၍ ခပ်ပါးပါးပန်းရောင်စွတ်စွတ်နှုတ်ပါးက ဆူနေသယောင်။

လူတစ်ယောက်ကို သေချာအကဲမခတ်တတ်သောကျွန်တော်သည် ထိုကောင်လေးကိုမှ အသေးစိတ်ကျကျ လိုက်နေတာလထူးတော့ထူး‌ဆန်း၏။

‌'ဟေ့လူလို့'

လှိုင်း စိတ်တိုနေပြီဖြစ်သည်။ခေါ်နေတာမထူးဘဲသူ့အားကြောင်ကြည့်နေသော ထိုလူကြီးအား လှိုင်းဘာမှမပြောတော့ဘဲ ကျနေသော ကော်ဖီတံဆိပ်ပါသည့် ဖာများအား ခွင့်ပြုချက်မယူဘဲ ကူသာကောက်ပေးလိုက်၏။

သူကျောင်းနောက်ကျနေတာကို မေ့ရင်းပေါ့။

'ရော့'

ကောက်ထားသောဖာများအားထိုးပေးရင်း ခပ် ဆတ်ဆတ်ကြည့်လိုက်၏။လှိုင်းတစ်ချက်တော့မနာလို့ဖြစ်သွား၏။

ထိုလူကြီး၏ ရုပ်ရည်သည် လှိုင်းနှင့်တစ်ခြားစီ၊‌လှိုင်းသည် ယောက်ျားလေးဖြစ်ပါလျက်နှင့် ထိုလူကြီးကဲ့သို့ ထူထဲသော မျက်ခုံးမွှေးများလဲမရှိ၊မထူမပါး ကြက်သွေးရောင်နှုတ်ခမ်း၊ဖြောင့်စင်းနေစသာနှာတံ၊ပြေပြစ်သောမေးရိုး တောင့်တောင့် စူးရှနေသော မျက်လုံးတို့သည် နေရောင်နှင့်တစ်သားထဲပင်။

ရင်ထဲက လှိုင်းငယ်....Where stories live. Discover now