binhao

409 44 2
                                    

ဆောင်းဟန်ဘင်းတစ်ယောက် အလုပ်ရှုပ်ပီး
မားဆီဖုန်းမဆက်ဖြစ်သည်မှာ တစ်ပါတ်လောက်ကြာနေပီ ။
ကျန်းဟောင့်တို့ကိုလည်း သင်ပေးရ သူ့၏ လက်စမသပ်ရသေးသော ကကွက်မှာလဲ ခုထိစဥ်းစားမရသေးပေ ။ ဒီနေ့တော့ မားဆီဖုန်းဆက်လိုက်ဦးမည်ဟု စဥ်းစားပီး အခန်းထဲ ဝင်လာခဲ့သည်။

" ဟယ်လို မား နေကောင်းလား "
" အေး သား မင်းခုတလောမအားလို့လား အမေ့ဆီ ဖုန်းမဆက်တာကြာပီ မဟုတ်မှ ငါ့သားရည်းစားရနေပီလား "

" ဟာ မားကလဲ "
ပြောရင်း ကျန်းဟောင့်မျက်နှာကို ဖျက်ခနဲ မြင်မိသွားသည်။ အာ ဒီကလေး နေရတကာ စိုးမိုးနေပါလား ။

" စတာပါ သားရယ် အဆင်ပြေအောင်နေနော် အမေက အဆင်ပြေတယ် ဒါနဲ့ အမေ့ဆီအလည်လာပါဦးဆို အမေ့သားကို လွမ်းလှပီ "

"ဟုတ် မား သားပိတ်ရက်ရရင် လာခဲ့ပါမယ် မားကလဲ "

အဲ့အချိန်မှာပဲ
" ဟျွန်း.. ဟျွန်း တံခါးဖွင့်ပါဦး "
မက်သရူး အသံကြောင့်

" ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ မက်ချူး "
မက်သရူးကို ချစ်စနိုးဖြင့် အကုန်လုံးက မက်ချူးဟု ခေါ်ကြသည်။

" ကျန်းဟောင့်လေ ကနေရင်း ချော်လဲလို့ အဲ့တာ မထနိုင်ဘူး ဖြစ်နေတယ် ဟျွန်းလိုက်ကြည့်ပေးပါဦး "

" ဟာ ဘယ်လိုဖြစ်တာလဲ မန်နေဂျာကော သွားမပြောဘူးလား တော်တော်ထိခိုက်သွားလား "

" အများ​​ ကြီးတော့ မထိခိုက်ဘူး ထင်တယ် ဟျွန်း
မန်နေဂျာက ထမင်းစားသွားတာ ခုထိပြန်မလာသေးဘူးတဲ့ "

" အေးအေး ဟယ်လို မား သား ဖုန်းချလိုက်ပီနော် ဒီမှာ အရေးကြီးလို့ "

အကခန်းထဲ အမြန်ပြေးလိုက်သွားတော့ ေရာင်နေသော ခြေထောက်လေး ကိုင်ပီး မျက်နှာရှုံ့နေသော ကျန်းဟောင့်ကိုတွေ့လ်ိုက်ရသည်။
ဒီကလေးကတော့ စိတ်ပူရအောင်လို့ကွာ ဂရုစိုက်ပါဆိုတာကို ဟန်ဘင်းစိတ်ထဲတွေးရင်း

" ကျန်းဟောင့် အဆင်ပြေလား အရမ်းနာနေလားဟင် "
" အရမ်းကြီးမနာဘူး ဟျွန်း "
မနာဘူးသာပြောနေတာ သူ့တွေ့တော့ မျက်ရည်တွေပါဝဲလာသော ကျန်းဟောင့်ကြောင့် ဟန်ဘင်းစိတ်ပူလာပီး
"ဂျီဝွန်း ငါ့သူ့ကိုဆေးခန်းသွားပို့လိုက်ဦးမယ် "
" အေး ကားငှားပေးရမလား "
" နေ နေ ဒီလမ်းထိပ်ပဲဟာ ငါကျောပိုးသွားလိုက်မယ် "

Angle baby Where stories live. Discover now