binhao 3

422 40 0
                                    


ပတ်ဂွန်းဝု ပြောစကားကြောင့် ကျန်းဟောင့် မှာ စဥ်းစားစရာများလာရသည်။ အစက သူ့စိတ်ထဲရှိတဲ့အတိုင်းနေမည်ဟု စဥ်းစားထားသောလည်း သူ့အိမ်မက်ကိုရော သူ ထည့်တွက်ရပေဦးမည်။ ထိုအတောအတွင်း သူ ဟန်ဘင်းဟျွန်းကို ရှောင်နေမိသည်။ managerကိုလည်း dance trainer ပြောင်းပေးဖို့ပြောထားသဖြင့် manager က ဆရာ့ကို ပြောပေးမယ်ဟု ပြောသည်။ ဆရာက အကျိုးအကြောင်းမမေးသော်လည်း ဂျီဝွန်းဟျွန်းနှင့် လဲပေးလိုက်သည်။

အဆောင်မှာ အပေါ်ထပ်အောက်ထပ်တွင်နေကြသော်လည်း သူက မဆုံမိအောင်ရှောင်သဖြင့် ဟန်ဘင်းဟျွန်းနှင့် မတွေ့ရတော့ပေ။ မျက်နှာချင်းစုံလာလျှင်လည်း ဟန်ဘင်းဟျွန်း၏ သူ့ကိုစကားပြောချင်နေသော အမူအရာကို တွေ့ရသော်လည်း သူကအရင်လွှဲသွားသဖြင့် မပြောဖြစ်ပေ။ သူ့အပြုအမှုတွေက လွန်နေမှန်းသိသော်လည်း အခုချိန်မှာ သူ တယောက်တည်းနေချင်သည်။ ဟျွန်းကိုလွမ်းမိသော်လည်း သူ ဟျွန်းဆီ အာရုံမလာအောင် နေ့ရောညပါ အကကျင့်နေသဖြင့် မက်ချူးတို့က တားယူရသည်။

" ကျန်းဟောင့် သူငယ်ချင်း သိပ်ပီး ဇွတ်မလုပ်ပါနဲ့ စိတ်ကိုလျော့ထားပါကွာ တယောက်တည်း ကြိတ်ခံစားမနေနဲ့ ရင်ဖွင့်စရာရှိရင် ဖွင့်ချပလိုက်နော် မင်းဘေးမှာ ငါရှိတယ်"

သူဘာမှ ပြန်မပြောနိုင်ပေ။ သူ ဟျွန်းကိုလွမ်းတာပဲသိသည်။

ဟန်ဘင်းမှာ ကျန်းဟောင့်၏ အမူအရာပြောင်းသွားသော အဖြစ်ကြောင့် စဥ်းစားရ ကျပ်နေသည်။ သူ ဘာအမှားလုပ်ထားမိသလဲ ။ သူသိသလောက် သူဘာမှလုပ်မထားပေ။ ဒါဆို ဘာလို့ ကျန်းဟောင့်က သူ့ကို ေရှာင်နေရတာလဲ။ အရင်ကဆို အသေးအဖွဲ့က ရစ်တတ်သော ကောင်လေး ခုလိုကျ တီတီတာတာ အသံလေးကို လွမ်းနေရပီ ။
တိုက်ရိုက်ပြောဖို့ကျ ကျန်းဟောင့်နဲ့ သူနဲ့က ဘာမှမဆိုင်သေး ။ မက်သရူးကို မေးကြည့်တော့လည်း သူလည်းမသိဘူး ဟုပြောသည်။ ထားလိုက်ပါတော့ အရင်ကလိုပဲ သူတစ်ယောက်တည်း ဖြစ်သွားပြန်တာပေါ့လေ။

" ဟျွန်း ရေ ဟန်ဘင်းဟျွန်း "
အဆောင်ပေါက်ကနေအော်နေသံကြောင့် ထွက်ကြည့်လိုက်တော့ ရစ်ခီ ကိုတွေ့လိုက်ရသည်။ ဒီကောင်လေး သူ့အကိုဆီမသွားဘဲ ငါ့ကိုအော်ခေါ်နေပြန်ပီ ။

Angle baby Where stories live. Discover now