မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P14

1.2K 76 1
                                    

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်  🖤14

တင်းတင်းဆွဲပိတ်ထားတဲ့ကန့်လန့်ကာတွေကြောင့်အခန်းထဲမှာအလင်းကမှိန်ပျပျပဲရှိနေတယ် နူးညံ့တဲ့အိပ်ယာထက်မှာနွေးနွေးထွေးထွေးအိပ်နေတဲ့လူနှစ်ယောက်ရှိနေတယ်
ရှောင်းကျန့်က၀မ်ရိပေါ်ရဲ့လက်မောင်းကိုခေါင်းအုံးထားတယ် နီးကပ်လွန်းတာကြောင့်တစ်ဘက်သူရဲ့နှလုံးခုန်သံကိုပါရှင်းရှင်းလင်းလင်းကြားရတယ် ခါးပေါ်မှာရစ်သိုင်းထားတဲ့လက်တွေကရုန်းမထွက်နိုင်လောက်အောင်တင်းတင်းကျပ်ကျပ် ယောကျာ်းပီသတဲ့ကိုယ်သင်းနံ့နီးကပ်နေတဲ့က၀မ်ရိပေါ်ရဲ့ခန္ဓာကိုယ်ကနေရတယ်
မှိတ်ထားတဲ့မျက်လုံးတွေပွင့်လာတော့မြင်လိိုက်ရတာတောင့်တင်းတဲ့ရင်အုပ်နဲ့ကျယ်ပြန့်တဲ့ပုခုံးတွေသူမှီတွယ်ထားတဲ့ဒီလူသားကအခုဆိုသူ့ရဲ့ပူပူနွေးနွေးချစ်သူကောင်လေး
မျက်နှာချောချောကိုမော့ကြည့်မိတော့သူကဒီကောင်လေးဆီမှာကျရှုံးခဲ့တာကိုသတိရမိတယ် အိပ်နေတာတောင်ခန့်ညားလွန်းတဲ့ဒီအမျိုးသားကမြို့အုပ်မင်းဖြစ်ထိုက်တယ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကစကားလုံးတွေနဲ့သူ့ကိုချွေယူခဲ့တယ်
မောင်ကစတွေ့ထဲကငါ့ကိုချစ်ခဲ့တာတဲ့
အခုနေမောင်လို့ခေါ်မိရင်ဖြစ်သွားမယ့်၀မ်ရိပေါ်ရဲ့ပံကိုမြင်ချင်တယ် ဒါပေမယ့်သူရှက်နေသေးတယ်

ငြိမ်ငြိမ်မနေနိုင်တဲ့လက်တွေကပါးပြင်ကိုပွတ်သပ်မိပြန်တယ်
တော်သေးတယ်ညကသူအုပ်ခံရတော့မလို့
ကံသီပေလို့ပေါ့ရှောင်းကျန့်ရယ်

ငြိမ်ငြိမ်နေကွာမောင်အိပ်ချင်သေးတယ်

အင်းပြန်အိပ်နော် ငါလည်းထပ်အိပ်ဦးမယ်

အင်းချစ်တယ်နော်

ငါလည်းချစ်တယ်

မောင်ကပိုချစ်တယ်

ဟုတ်ပြီအိပ်မလို့ဆို အိပ်တော့

  ခနအတွင်းမှာအသက်ရှုသံမှန်မှန်နဲ့ပြန်အိပ်ပျော်သွားတဲ့၀မ်ရိပေါ်
သူအခုရောက်နေတာမြို့အုပ်မင်းအိမ်တော်က မြို့အုပ်မင်းရဲ့ကုတင်ပေါ်မှာ
ဒါ့အပြင့်ရင်ခွင်ထဲမှာဆိုတာတွေးမိတော့အသံထွက်သည်အထိရယ်လိုက်မိတယ်

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်Where stories live. Discover now