မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P-20

1.2K 64 1
                                    

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤20

ဝမ်ရိပေါ်တို့စီးလာတဲ့ကားလေးကနမ်ချိုင်မြို့ရဲ့အစွန်မှာရှိနေတဲ့‌တနေရာကိုအရောက်မှာရပ်တန့်သွားတယ်
ပြေညှင်းရဲ့ဆော့ကစားမှုနဲ့လှုပ်ရှားနေတာကသိပ်လှတယ်
အဲ့ထက်ပိုလှတာကပန်းခင်းရဲ့ဘေးနားမှာရပ်နေတဲ့မြို့လူဆိုးလေးရှောင်းကျန့် သို့မဟုတ် မြို့အုပ်မင်းဝမ်ရိပေါ်ရဲ့သည်းသက်ညှာလေး
လေပြေရဲ့ကျီစယ်မှုကြောင့်ခပ်လွင့်လွင်ဖြစ်နေတဲ့ဂုတ်ထောက်နေတဲ့ခပ်ရှည်ရှည်ဆံပင်တွေ

ငေးကြည့်နေတဲ့မြို့အုပ်မင်းကထိုလူသားကိုရင်ခွင်ထဲထည့်လို့ဖက်ထားတယ်

မောင်

ဗျာ

ငါလောင်းကစားရုံတွေဖျက်တော့မယ်

ရှောင်း
မောင့်ကိုကြည့်
ရှောင်းဒါကိုလုပ်ကတာပျော်တယ်မဟုတ်လား

အင်း

ဒါဆိုရပြီလေ ကျန်တာတွေလျှောက်တွေးမနေနဲ့
မောင်ကရှောင်းဘာပဲလုပ်လုပ်အမြဲလက်ခံပေးနေမှာပံ့ပိုးပေးနေမှာ
ရှောင်းကိုဝေဖန်လာတဲ့သူတွေရှိရင်လည်းမောင်ကကာကွယ်ပေးမှာ
အဲ့တော့ရှောင်းကဘာကိုမှစိတ်အပင်ပန်းခံနေစရာမလိုဘူး

မဟုတ်ဘူးမောင်
ငါကမောင့်အတွက်စိုးရိမ်တာ ငါ့ကြောင့်မောင့်ကိုဝေဖန်ကြမှာငါမလိုချင်ဘူးမောင်

သူတို့ဝေဖန်ကြစမ်းပါစေ မောင်ကအရေးလုပ်မတဲ့လား
မောင်ချစ်တာကရှောင်းကျန့်ဆိုတဲ့ခင်ဗျားလေးကိုလေ
သူတို့ရဲ့ဝေဖန်မှုတွေနဲ့မောင့်အသက်ရဲ့ပျော်ရွှင်မှုတွေကိုဖျက်စီးရမတဲ့လား
မသင့်တော်လိုက်တာ

ဒါပေမယ့်ပါပါးပြောနေတာမကောင်းတဲ့အလုပ်တဲ့

ရှောင်ပါးကဒီအတိုင်းပဲပြောလိုက်တာ
မောင့်ရဲ့အသက်ကဘာ်လောက်ထိစိတ်ကောင်းရှိတယ်ဆိုတာမောင်သိပြီးသား
လောင်းကစားရုံတွေသေရည်ရုံတွေကလည်းရှောင်းမဖွင့်လည်းတခြားသူကဖွင့်မှာပဲ
ပြီးတော့ရှောင်းကအတင်းသေရည်လာသောက်ပါ
လောင်းကစားလာလုပ်ပါဆိုပြီးဆွဲခေါ်နေတာမဟုတ်ဘူး သူတို့စိတ်နဲ့ကြိုက်လို့လုပ်ကြတာ
မောင့်ရှောင်းကမမှားဘူး

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်Where stories live. Discover now