9(U/Z)

200 20 0
                                    

U....

"ငါ...ငါမင်းကို တောင်းပန်ပါတယ်."

ထမင်းစားကျောင်းဆင်းတဲ့ခေါင်းလောင်းထိုးလိုက်ပြီ။သင်္ချာဆရာမ အိမ်စာပေးလိုက်တဲ့ပုစ္ဆာတွေကို လိုက်မှတ်နေမိတဲ့အချိန် အသံခပ်တိုးတိုးလေးကိုကြားလိုက်ရတော့ ကျွန်တော်မော့ကြည့်လိုက်မိတယ်။ဖျော့တော့နေတဲ့မျက်ဝန်းတွေကို ခနခ​နပုတ်ခတ်ပုတ်ခတ်လုပ်နေပြီးမဝံ့ရဲတဲ့အကြည့်တွေက သူကပဲအပြစ်တွေလုပ်ထားသလိုနဲ့ မလုံမလဲ အပြစ်မကင်းသလို ကျွန်တော့်ကိုကြည့်နေတယ်။

"ဘာအတွက်လဲ.."

ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကို ကျွန်တော်မသိပါ။ကျွန်တော်နဲ့သူက စကားလုံးကွဲအောင်တောင်စကားပြောဖူးတာမဟုတ်တော့ တစ်ယောက်နဲ့တစ်ယောက်တောင်းပန်စရာအကြောင်းလဲမရှိမှဘဲ။ခပ်ကြောင်ကြောင် ကျွန်တော်မေးလိုက်တော့ ပြန်ဖြေတဲ့အသံလေးတွေမှာ စိုးထိတ်မှုတွေပါနေသည်။လူတစ်ယောက်ကို စကားပြောဖို့အတွက် တွန့်ဆုတ်နေတဲ့ဟန်တွေ။ဒါကြောင့်ပဲဘယ်သူနဲ့မှအပေါင်းအသင်းမလုပ်၊ အထီးကျန်စွာနေနေတာလား တွေးမိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။

"မ..မနက်က ငါ့အမေပြောတာလွန်သွားမှန်းငါသိပါတယ်။ငါ..တကယ်စိတ်ရင်းနဲ့တောင်းပန်တာပါ."

"ထားလိုက်ပါ.."

မနက်ကစိတ်တိုလွန်းလို့သာ ကျောင်းရောက်ရင်တော့ ခြောက်တာ၊လှန့်တာမျိုးတစ်ခုခုလုပ်လိုက်အုံးမယ်တွေးထားမိပေမယ့်.ဒီပြသနာက သူနဲ့မှမဆိုင်ပါပဲ။မိဘတွေမော်ကြွားတာနဲ့ ဒီကောင်လေးနဲ့မသက်ဆိုင်ဘူးဆိုတာသိပေမယ့် တစ်ယောက်တည်းတသီးတသန့်နေတာက ဘဝင်မြင့်နေတဲ့စိတ်ကြောင့်လို့ထင်ခဲ့မိသေးတာ။ကျွန်တော်လူကဲခတ်မတော်ပါ။ဒါပေမယ့် စကားသေချာမပြောဖူးတာတောင် ဒီကောင်လေးရဲ့အတွင်းစိတ်ကို ထိုးဖောက်ဖတ်တတ်ခဲ့ပြီ။

နေ့လည်ထမင်းစားဆင်းချိန်မို့လူတွေရှင်းနေသည်။မြို့ပေါ်ကျောင်းဆိုတော့ နီးနီးနားနားသူတွေကထမင်းပြန်စားတယ်။ကျွန်တော်တို့လိုဝေးတဲ့သူတွေကတော့ ထမင်းချိုင့်တွေထုပ်ပြီး ကိုယ့်အဖွဲ့နဲကိုယ်စားနေကျ။အလျှိုလျှိုပြန်သွားတဲ့လူတွေနဲ့ထမင်းချိုင့်ပါလာတဲ့ကောင်တစ်ချို့က အပေါ့အပါးသွားကြတာဖြစ်လို့လူရှင်းတာဖြစ်သည်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now