Part 1

652 40 10
                                    

Hyunjin စုံလည်ထိုင်ခုံပေါ်မှာ လေတချွန်ချွန် သူ ချစ်ရတဲ့ သူ​လေးကို တွေ့ရဖို့ စောင့်နေသည်။

boy: : ဆရာ ဆရာခေါ်လာခိုင်းတဲ့ကောင်လေးရောက်ပီ

Hyun: :ခေါ်ခဲ့လေ

လူသန်ကြီးနှစ်ယောက်ရဲ့ဆွဲခေါ်မှုကြောင့် ရက်ကန် ရက်ကန်နဲ့ပါလာတဲ့ ကိုယ်လုံးသေးသေးလေး ကြောင့် Hyunjin တော်တော်လေး ပျော်မြူးနေသည်။

felix ကလေးတွေအတွက်မုန့်ထွက်ဝယ်တုန်း ဘယ်ကမှန်းမသိတဲ့ လူကြီးတွေရဲ့ ကားတင်ပြေးခြင်းကိုခံခဲ့ရသည်။
Felix အရမ်းကိုကြောက်နေသည်။ တကယ်ပဲ သူ့ဘဝက တစ်ခြားသောသူရဲ့လက်ထဲမှာ ပျက်စီးခံရတော့မှာလား အတွေးပေါင်းစုံကြောင့် ဘာမှမမြင်ရအောင် အုပ်ထားတဲ့ခေါင်းစွပ်ကြားထဲမှာ ငိုချမိသည်။ ငိုနေတုန်း အသံတစ်ခုကြားရသည်။ ကြောက်သည် ထက် ပို၍ ကြောက်သည်။

hyun: :ချွတ်ပေးလိုက် ခေါင်းစွပ်ကို

felix ခေါင်းစွပ် ကျွတ်သွားတော့ မြင်လိုက်ရတဲ့သူက လူငယ်လေးတစ်ယောက် ဘာလို့လဲ ဘာလို့ အခုလိုလုပ်ကြတာလဲ ဘာအညှိးရန်စမှလဲ မရှိပဲနဲ့

Hyun: : baby ငိုထားတာလား ဘာလို့ငိုတာလဲ ကို က မင်းမျက်ရည်တွေ ကိုမြင်ချင်လို့ ဝယ်ခဲ့တာမှမဟုတ်တာ

ဝယ်ခဲ့တယ် ဒါဘာကို ဆိုလိုတာလဲ felix ဘာမှတောင်လိုက်မမှီဘူး ဘာတွေပြောနေကြတာလဲ လောလောဆယ် ငိုချင်တာပဲသိတယ်

felix: :ဘာတွေပြောနေမှန်းမသိပေမဲ့ ငါတောင်းပန်ပါတယ် ငါ့ကို လွှတ်ပေးပါ ငါက မင်းတို့ဝယ်ရလောက်အောင်လဲ အဆင့်အတန်းမရှိပါဘူး ငါ့ကိုလွှတ်ပေးပါ ကျေးဇူးပြုပြီး တောင်ပန်ပါတယ်.....

felix ငိုယိုပီးတောင်းပန်ပေမဲ့ တစ်ဖက်သူက ဂရုစိုက်ပုံတောင်မပေါ်ပါဘူး

Hyun: :မင်းမသိသေးဘူးထင်တယ် မင်းကို မင်းနေတဲ့ဂေဟာက မပြောပြဘူးလား

felix::ဘာကိုလဲ

hyun: :ကိုက မင်းကို မင်းတို့ ဖာသာ ဆီမှာ အလဲအထပ် လုပ်ခဲ့တာလေ ငါကမင်းကိုလိုချင်တယ် သူတို့က ငွေကိုလိုချင်တယ် အဆင်ပြေတာပဲလေ

felix: :ဘာလို့လဲ ကျွန်တော်ဘာလုပ်မိလို့လဲ ကျွန်တော်က ခဗျားကိုတောင်မသိတာ ဘာလို့ လဲ တောင်းပန်ပါတယ် လွှတ်ပေးပါ

You're mine. (Completed) Where stories live. Discover now