Chapter 2

84 17 0
                                    

Zihao POV;

မုထီကောဆီက လှည့်ထွက်လာအပြီး ဝမ်ကျစ်ဟောက်တစ်ယောက် ကျောင်းဝင်းထဲက သစ်ပင်အရိပ်ရတဲ့ ခုံတန်းလေးပေါ်မှာ ထိုင်နေမိတယ်။ မုထီကောစကားကို သူလျစ်လျူရှုချင်၍မဟုတ်၊ ဒီအတိုင်း စကားပြောချင်စိတ် မရှိနေရုံလေးပါ။ သူ့ကို ညီလေးအရင်းတစ်ယောက်လိုချစ်တဲ့ မုထီကောရဲ့ ဂရုစိုက်မှုတွေက သူ့နဲ့မထိုက်တန်ဘူးမလို့။

ကျစ်ဟောက်တစ်ယောက် အတွေးတွေထဲနစ်မြောနေတုန်း အရိပ်ကလေးကို လှမ်းမြင်လိုက်တယ်။ အာရုံစူးစိုက်ပြီး ကြည့်မိတော့ အရိပ်ကလေးက သူ့ဆီတရွေ့ရွေ့လာနေတယ်၊ သူ့ဆီကို မရဲတရဲနဲ့ လျှောက်လာနေတဲ့ ပေါက်စတစ်ယောက်။ ဂျူနီယာတစ်ယောက်ဖြစ်လိမ့်မယ်လို့ သူတွေးမိတယ်။ ဘာလို့လဲဆိုတော့ သူ့အတန်းဖော်တွေက ဝမ်ကျစ်ဟောက်ဆို ဝေးဝေးရှောင် ဝေါင်ဝေါင်ရှေးကြလို့။

"ကျစ်ဟောက်"

ကျစ်ဟောက်ဘဝတစ်လျှောက်လုံး ကြားဖူးသမျှထဲ အနူးညံ့ဆုံးအသံလေး။ ကျစ်ဟောက်ရဲ့ နာမည်ခေါ်သံတွေထဲ အချိုသာဆုံးအသံလေး တစ်သံ။

ဘယ်လောက်ချိုသာပါစေ ဝမ်ကျစ်ဟောက်တို့ သူ့ရဲ့ လူဆိုး imageထိန်းရမှာမလို့ စောင်ပေပေတစ်ချက်ကြည့်ပေးလိုက်တယ်။ အကြာကြီးလည်းမကြည့်ရဲ၊ ကလေးလန့်သွားပြီး ငိုနေမှဖြင့် သူအလုပ်ပိုရလိမ့်မယ်။
ဒါနဲ့နေပါဦး ဒီကလေးက သူ့ကို "ကော" ထည့်မခေါ်ဘူးပဲ။

ဟိုကလေးက ကြောက်ပြီး ဘာမှဆက်မပြောလာတာမလို့ ကျစ်ဟောက်ကပဲ မနေနိုင်မထိုင်နိုင် မေးရပြန်တယ်။ သူ့ imageတော့ ပျက်ပါပြီ။

"မင်းက ဘာလို့ငါ့ကို 'ကော'ထည့်မခေါ်တာလဲ ငါမင်းထက်အကြီးမလား"

"မဟုတ်ဘူး ရိုတိုက ဝမ်ကျောက်နဲ့ အတန်းတူတူပဲ"

"ဝမ်ကျောက်?"

သူ့ရှေ့က ကလေးက သူ့ကိုယ်သူ 'ရိုတို' ဟု နာမ်စားလေးသုံးပြီး ပြောလာတာက ချစ်စရာလေးပေမို့ တစ်ခဏသတိလက်လွတ်ဖြစ်မိပေမယ့် ဝမ်ကျောက်? ဝမ်ကျောက်ကဘယ်သူတုန်း?

"အာ~ ရိုတိုခေါ်ရင်း အသံဆက်သွားလို့ ဟီး"

"အိုကေ"

သွားလေးဖြဲပြီး ရယ်ပြလာတဲ့ကလေး။ နေပါဦး သူကျစ်ဟောက်ကို မကြောက်ဘူးလား အတန်းဖော်ဆို သူ့အကြောင်းသိမှာပဲ။
ကျစ်ဟောက်ရှည်ရှည်ဝေးဝေး ဆက်မပြောမိပါ။ ဆက်လည်းမပြောချင်ပါ။ ရှေ့က ကလေးကြည့်ရတာ တရုတ်လူမျိုးဟုတ်ပုံမပေါ်ဘူး။ စကားမပီသေးတာလည်း ဖြစ်ချင်ဖြစ်မယ်လေ။ စကားမပီသေးဘူးဆိုတာ တရုတ်စကားကို ပြောတာပါ။

"ဒါလေး~"

"ဘာလဲ?"

လက်ကလေးနှစ်ဖက်ကို ဖွင့်၍ပြသည်က အနာလိမ်းဆေးနဲ့၊ ပလာစတာသုံးခု။

"ပေးချင်လို့လား ပေး ဒီကို"

ကျစ်ဟောက် ဒီရိုတိုဆိုတဲ့ကလေးနဲ့မှ ဘာလို့အကြာကြီး အဖက်လုပ်ပြီး စကားပြောနေမိလဲမသိတော့ဘူး။ သူကပဲ ပျင်းနေလို့များလား။

"ဟုတ်ဘူး"

ဆိုကာ အနားတိုးလာတဲ့ ရိုတိုကလေး။ သူ့နဖူးက အနာကို ဆေးထည့်ပေးနေတဲ့ လက်ကလေး။
ကျစ်ဟောက်ရဲ့ ကမ္ဘာကြီး ရပ်တန့်သွားသလိုပဲ။ သူ့နဖူးထက်က အထိအတွေ့သေးသေးကလေးအပြင် လေနဲ့ပါ တဖူးဖူးမှုတ်နေတဲ့ နှုတ်ခမ်းလှလှလေးတစ်စုံ။

ကျစ်ဟောက် ဒီလိုအတွေးမျိုးမတွေးဖြစ်တာ အတော်လေးကြာပြီ။
အဲ့ဒီ နှုတ်ခမ်းဖူးဖူးကလေးကို သူ့အပိုင်ဖြစ်စေချင်တယ်။

ရိုတို မင်းကငါ့အပိုင်ပဲ။

____________________________

အားလုံးပဲ ဂရုစိုက်ကြပါရှင်
တစ်ဖက်တစ်လမ်းက‌နေ clickတာတွေ၊
လှူတာကူတာတွေလည်း လုပ်ပေးကြပါနော်

အားလုံး ဘေးကင်းကြပါစေ 🤍

Beautiful《Wang Zihao x Hiroto》Where stories live. Discover now