[U] Chapter 24

759 36 3
                                    

မနက်စာ ခွံ့​ကျွေးပြီးတဲ့အခါ ​နေ့လည်စာအတွက် ပြင်ဆင်​နေတဲ့ နှင်းနုကို ကူလုပ်​ပေးရန် သျှားခက်လျှံ မီးဖို​ချောင်ထဲ ဝင်သွားလိုက်သည်။ 

​ဆေးလိပ်​သောက်ပြီး အိမ်​ရှေ့ဝရန်တာမှာ ရပ်​နေတဲ့ ခိန်းအနားကို ဇွဲစစ်ရှိန် ချည်းကပ်လိုက်သည်။

"ငါ့ဖုန်း ​ပျောက်သွားပြီ" ခိန်း ​ပြောလိုက်သည်။

"အဲ့ဒါ ဘာအဓိပ္ပါယ်လဲ မင်းသိလား? ငါ ယူထားတဲ့ ​ဒေတာ​တွေ ပါသွားပြီ back up လည်း မလုပ်ထားရ​သေးဘူး။ အဲ့ဒါ ဘယ်သူ့​ကြောင့်လဲ သိလား?"

"ဘယ်သိမလဲ"

"ဇွဲစစ်ရှိန် မင်း မ​နောက်နဲ့"

သူ့​ကြောင့်ဆိုတာ​တော့ ဟုတယ် ဒါ​ပေမယ့် ဝန်ခံစရာလား။ ဒါ​ကြောင့် ခပ်တည်တည်နဲ့ မသိချင်​ယောင်​​ဆောင်​​နေလိုက်တယ်။

ခိန်း​ပြောလည်း အလကားပဲ ဘာမှ ထူးမှာ မဟုတ်ဘူး။ ဇွဲစစ်ရှိန်ကို သူအလိုလိုက်တာ များသွားပြီ။ ဒါ​ကြောင့်လည်း သူ့ကိုဆို အရူးကွက်​နင်း​နေတာ။ ကြည့်​နေ ဒီ​ကောင်​လေး ​တွေ့မယ် သူ့အကို​ရှေ့ကျ ပြားပြားဝပ်​နေမှာ။ 

အကို့ကိုဆို ​၂ခွန်းပြန်မ​ပြောရဲမှန်း သိတာ​ကြောင့် ခိန်း ​​ပြောလိုက်သည်

"ပြီးခဲ့တာ​တွေလည်း ထားလိုက်​တော့ ဒီထက်ပိုပြီး ရှင်းရခက်​အောင် မလုပ်နဲ့ အိမ်ပြန်​ရောက်မှ မင်းအကို ​​ဖြေရှင်း​ပေးလိမ့်မယ်။ ငါ ခဏ​နေ ဖုန်းဆက်ပြီး ငါတို့ကို လာကြိုဖို့ လူလွှတ်​ခိုင်းလိုက်မယ်"

"ခိန်း ခဏ​လေး" 

"ဘာလဲ?"

"ဖုန်းပြန်ရှာ​တွေ့ထားတယ်"

"ဘယ်မှာလဲ?"

"အခု ကျွန်​တော့်ဆီမှာ ပါမလာဘူး တခြားတ​ယောက်ဆီမှာ သူတို့ ဒီ၁ရက်၂ရက်အတွင်း လာလိမ့်မယ်"

"ဘယ်သူ​တွေလဲ?"

"နိုင်းခုံကိုသိလား?"

"အင်း"

"သူ့ဆီမှာ"

"ဘယ်လို​ကြောင့် သူ့ဆီ ​ရောက်​နေတာလဲ?"

"အဲ့ဒါက.."

တကယ်တမ်း အန်နာဆီက​နေမှ တဆင့် ရလိုက်တာ သူပြန်မ​ပြောခဲ့။ 

Silent White Lies (Complete)Where stories live. Discover now