Episode - 1

217 34 3
                                    

သာယာတဲ့မနက်ခင်းတစ်ခုမှာကောင်လေးတစ်‌ယောက်နိုးလာခဲ့တယ်။နေရောင်ခြည်ကပြတင်းပေါက်မှတဆင့်သူ့မျက်နှာဆီတည့်တည့်ကျလာတယ်။မျက်လုံးဖွင့်ပြီးနာရီကိုလှမ်းကြည့်တော့8နာရီခွဲနေပြီ

"8နာရီတောင်ခွဲနေပြီကိုငါညကအိပ်ယာဝင်နောက်ကျတာပဲ"ဟုပြောပြီးရေချိုးလိုက်တယ်။

ကျွန်တော်နာမည်ကကင်မ်ထယ်ယောင်း။ကျွန်တော်မှာမိဘတွေမရှိတော့ဘူးတစ်ယောက်ထဲသမား‌ပေါ့။ကျွန်တော်အသက်31နှစ်ရှိပြီမနက်လည်းအလုပ် ညလည်းအလုပ် တချိန်လုံးအလုပ်ထဲမှာပဲစိတ်နှစ်ထားတယ် ရည်းစားလည်းမထားဖူးသလိုချစ်ဖို့လည်းမအားခဲ့ဘူး။တခါတလေကျတော့လည်းတစ်ယောက်တည်းသမားဖြစ်တာမကောင်းဘူးလို့တွေးမိတယ်ဒါပေမယ့်ချစ်ရမယ့်သူတွေလည်းမရှိဘူးကိုယ့်ရုပ်ရည်နဲ့ဆိုကြိုက်တဲ့လူရွေးလို့ရတယ်ဆိုပေမယ့်ဘယ်သူ့ကိုမှစိတ်မဝင်စားတာကခက်တယ်။ဟူး မင်းဘယ်တော့မှတစ်ယောက်တည်းဘဝကကျွတ်မှာလဲ။

ရေချိုးအဝတ်အစားလဲပြီးတော့အောက်ထပ်ကိုဆင်းလာလိုက်တယ်။မီးဖိုထဲမှာဒေါ်‌လေးလီနှုတ်ဆက်တာကိုပြန်နှုတ်ဆက်လိုက်တယ်

"သခင်လေး နိုးပြီလား"

"အင် ဒေါ်လေးလီ"

"ဒါသခင်လေးအတွက်ပါ"

Pastaရယ် အသီးတွေကတော့ကျွန်တော်အကြိုက်ဆုံးစတော်ဘယ်ရီတွေ နောက်တော့ကောဖီတစ်ခွက်ရယ်

"ကောင်းကောင်းစားခဲ့ရပါတယ်ဒေါ်လေးလီ"

"ဟုတ်ကဲ့ပါ"

"ကျွန်တော်အလုပ်သွားပြီနော် "

"ဟုတ်ဟုတ် သခင်လေး"

ဒေါ်လေးလီကအိမ်မှာကျွန်တော်မိဘတွေရှိထဲကအတူနေလာကြတာ အဲ့တာကြောင့်ဒေါ်လေးလီကလည်းကျွန်တော်ကိုသံယောဇဉ်ရှိပြီးဒီအိမ်ဆက်နေနေ‌တာပေါ့ ။

Companyသွားတဲ့လမ်းမှာကားမောင်းနေရင်ကောင်လေးတစ်ယောက်နဲ့တိုက်မိမလိုဖြစ်သွားတော့အပြင်ကကောင်လေးမှထလာပြီးမှန်တံခါးလာထုပါလေရဲ့

"ဒီမှာ ဒီမှာ"

"..........."

"ခေါ်နေတာမကြားဘူးလားမှန်တံခါးအခုချက်ချင်းချစမ်း"

CEO Kim Where stories live. Discover now