Episode - 4

137 33 2
                                    

PK Groupမှာအလုပ်လုပ်လာတာတစ်ပြည့်ခဲ့ပြီ။ကျွန်တော်ကCEOရဲ့အနားမှာအလုပ်လုပ်ရတယ်သူကိစ္စအဝဝကိုသူဘယ်သွားသွားလိုက်ရ သူဘာခိုင်းခိုင်းလုပ်ရနဲ့ကြာလာရင်သေမှာပဲကျွန်တော်လည်းဟူး။ဘယ်တက်နိုင်မလဲCEOရဲ့ကိစ္စပဲလေမဟုတ်ဘူးလား။ကျွန်တော်လေCEOကိုတစ်လအတွင်းမှာအရမ်းကြွေသွားခဲ့တယ်သိလား။တခါတလေကျကျွန်တော့်ကိုခိုင်းရင်တော့အမြင်ကပ်တယ်။တခါတလေစိတ်ကောင်းနေရင်တော့အရမ်းကိုကြွေတာ။ကျွန်တော်CEOကအရင်ချောတာသိကြရဲ့လား။အလုပ်ခိုင်းရင်တော့မကြွေဘူးပေါ့နော်။အခုလည်းခေါ်နေပြန်ပြီကိုကိုCEOကြီးက

"ဟိုဆော့ငါ့ရုံးခန်းထဲလာခဲ့အုံးခိုင်းစရာရှိတယ်"

"ဟုတ်လာပြီ"

ငါလည်းဒီကနေအလုပ်ထွက်တော့မယ်မကြာတော့ဘူးကိုယ့်အိမ်မှာပဲပြန်နေတာကောင်းတယ်

ဒေါက် ဒေါက်

"ကျွန်တော်ရောက်ပြီ"

"ငါမင်းကိုခိုင်းစရာရှိတယ်"

"ပြောပါ"

"နေ့လည်ကျရင်sunshine companyကSecretaryနဲ့သွားတွေ့ပေး"

"အလုပ်ကိစ္စလား"

"ဟုတ်တယ် သူစာချုပ်လာပေးလိမ့်မယ်မင်းသွားယူထားပေး ငါကနေ့လည်ခင်း Meetingရှိလို့မအားဘူးငါ့အစားမင်းသွားယူပေး"

"ဟုတ်ကဲ့ကျွန်တော်သွားလိုက်ပါ့မယ်"

"အေ အဲ့ဒါကိုသေချာဂရုစိုက်ပြီးယူလာနော် အဲ့ဒါအရေးကြီးတယ်ငါတို့အတွက်"

"ဟုတ်ကဲ့ ကျွန်တော့်ကိုစိတ်ချလိုက်ပါ"

"အေပြီးကော"

"ဒါဆိုကျွန်တော်အလုပ်သွားပြန်လုပ်လိုက်အုံးမယ်နော်"

"အင် အော်ဒါနဲ့"

"ဟုတ်"

"မနက်ဖြန်တနေရာသွားစရာရှိတယ်လိုက်ခဲ့"

"မနက်ဖြန်ရုံးပိတ်ရက်လေကျွန်တော့်ကိုဘာခိုင်းအုံးမလို့လဲ"

"စကားမများနဲ့လိုက်ခဲ့ဆိုလိုက်ခဲ့လိုက်ပေါ့"

"ဟုတ်"

တွေ့လားအကျင့်ကိုတစက်မှမကောင်းဘူးသူများအလုပ်ပိတ်ရက်လည်းပေးနားမယ်မရှိဘူးစာနာစိတ်မရှိတဲ့သူဌေးငါကိုကမှားတာဒီမှာအလုပ်လာလုပ်မိတာ။ချစ်တာကချစ်တာပဲအလုပ်ပိတ်ရက်မှာအလုပ်ခိုင်းရင်တော့ဂျောင်ဟိုဆော့တို့ကပြောရမှာပဲ။ဘာပဲဖြစ်ဖြစ်ငါအမြဲမှန်တယ်

CEO Kim Where stories live. Discover now