12

1.1K 165 7
                                    

12

   လူတိုင်း အသံလာရာဆီ လှည့်ကြည့်လိုက်ကြတော့ တိရိစ္ဆာန်အ၀တ်အစား ၀တ်ဆင်ထားတဲ့ မပျော်မရွှင်မျက်နှာနဲ့ လူတစ်ယောက်ကို တွေ့လိုက်ရ၏။ထိုသူက လူအုပ်ကြီးကို ဖြတ်လျှောက်လာလေသည်။

   "အကြီးအကဲ?"မုကောအာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

   အကြီးအကဲ?ဒါဆို ဒီလူက တန်းမုမျိုးနွယ်စုရဲ့ အကြီးအကဲပေါ့။

   အရင်တုန်းက မူလခန္ဓာကိုယ်ပိုင်ရှင်ကို မျိုးနွယ်စုထဲမှာ နေထိုင်ခွင့် ပေးထားခဲ့ပေမယ့်လဲ ထိုအကြီးအကဲဆိုသူနဲ့ ၀မ်ကျင်း တစ်ခါမှ မဆုံတွေ့ခဲ့ကြဖူးပေ?

   ၀မ်ကျင်း စပ်စုလိုစိတ်ဖြင့် ၀င်လာသူအား ကြည့်လိုက်တော့ ထိုသူက အနည်းငယ်ချောလေသည်။ဒါပေမယ့် ယွမ်ဟန်လောက်တော့ မချောပေ။ယွမ်ဟန်ရဲ့အမာရွတ်သာ ပျောက်ကင်းသွားပါက သေချာပေါက် ထိုလူထက် အဆပေါင်းထောင်ချီ ပိုချောနေမှာ ဖြစ်သည်။

   ၀မ်ကျင်း တစ်ချက်သာစိုက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်တော့၏။

    အကြီးအကဲက ပတ်ပတ်လည်အား ကြည့်ရင်း ယွဲ့ကောအာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ အနည်းငယ်အေးခဲသွားပြီး မျက်နှာအရောင်ကလဲ နည်းနည်းပြောင်းလဲသွားခဲ့လေသည်။ထို့နောက်မှာတော့ ယွဲ့ကောအာရဲ့ ရှောင်လွှဲနေတဲ့ အကြည့်တွေကြောင့် သူ့အကြည့်တွေအား ​တခြားသို့ ပို့လိုက်တော့၏။

   နောက်ဆုံးမှာတော့ သူ့ရဲ့အကြည့်တွေ ၀မ်ကျင်းကိုယ်ပေါ် ရောက်ရှိသွားခဲ့ပြီး အထက်အောက် အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။အကြီးအကဲရဲ့ မျက်နှာက သိသိသာသာပင် ဆိုးရွားလာပြီး အေးစက်စက်ဖြင့် တစ်ချက်လှောင်ပြောင်လိုက်ကာ:"အားလုံးပြောကြတာတော့ မင်းက အရူးလေးတစ်ယောက်တဲ့,ဒီလိုမျိုး လူကို လက်စားပြန်ချေတတ်ပုံအရတော့ မင်းက နည်းနည်းလေးမှ မရူးနေပါဘူး"

   ထိုစကားကို ကြားလိုက်ရတော့ ၀မ်ကျင်း မျက်ခုံးပင့်ကာ အရေထူစွာဖြင့် ပြောလိုက်၏:"မဟုတ်ပါဘူး,ငါက အရူးပါ"

   အရင်တုန်းက သူ ရူးနေတာမဟုတ်ဘူးလို့ အမြဲတမ်း ရှင်းပြခဲ့ပေမယ့်လဲ ဘယ်သူကမှ မယုံကြည်ပေးခဲ့ကြပေ။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now