36

885 136 6
                                    

36

   " . . . "ထိုလူက ပြောင်းလဲသွားတယ်လို့လဲ ပြောလို့မရပေ။

   ထိုလူက အမြဲတမ်းဖြောင့်မတ်၏။အဲ့ဒီတုန်းက ယွဲ့ကောအာ မဟုတ်ဘဲ ယွိ့ကောအာ ဖြစ်နေခဲ့ရင်တောင်မှ ထိုယွမ်ဟန်ဆိုသူက ကယ်တင်ပေးလောက်လေသည် . . . .

  ဒါပေမယ့် ဒီစကားက . . . .ရှီးကောအာ သူ့ဘေးမှ အကြောက်လွန်နေတဲ့ သူငယ်ချင်းအား တစ်ချက် လှမ်းကြည့်လိုက်၏။ဒီအချိန်မှာ ထိုစကားတွေပြောပြလဲ နားမ၀င်မှာကြောက်မိတာကြောင့် ရှီးကောအာတစ်ယောက် တိတ်တိတ်လေး ပါးစပ်သာ ပိတ်နေလိုက်တော့သည်။

   ထို့နောက် မျက်မှောင်ကြုပ်ကာ စဥ်းစားနေလိုက်ရင်း ခဏလောက်တိတ်နေပြီးမှ  အသံတိုးတိုးဖြင့် ပြောလိုက်၏:"အားယွဲ့ ,လူဆိုတာ . . . လက်လွှတ်တတ်ဖို့ နားလည်ထားရမယ်,ပြီးသွားတာတွေ ပြီးသွားပါစေတော့,မင်း အရှေ့ကိုပဲ ကြည့်ပြီးသွားရမှာ,အရှေ့မှာ မင်းကို စောင့်ကြိုနေမယ့်လူကိုပဲ ကြည့်ရမှာ"

   "ငါ့ကို စောင့်ကြိုနေမယ့်လူ?"ယွဲ့ကောအာတစ်ယောက် ရှီးကောအာက တစ်စုံတစ်ရာကို ရည်ညွှန်းနေသည်ဟု ခံစားလိုက်ရ၏။

   ရှီးကောအာ နှုတ်ခမ်းတွေကို ချိတ်လိုက်ပြီး မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပနေတဲ့ မျက်နှာဖြင့် ပြောလိုက်သည်:"အကြီးအကဲလေ!သူ မင်းကို လိုက်ပိုးပန်းနေတာ အတော်လေးတောင် ကြာပြီ,ပြောမရဘူး အခုလဲ သူ မင်းကို မင်းအိမ်က ခြံ၀င်းထဲကနေ စောင့်နေလောက်တယ်,သူက နေ့တိုင်း ညနေရောက်ရင် မင်းကိုတွေ့ပြီးတော့မှ သူ့အိမ်သူ ပြန်တတ်တာလေ"

   " . . . "ယွဲ့ကောအာ ထိုကိစ္စကို မပြောချင်သလိုမျိုး အဝေးသို့ အကြည့်လွှဲလိုက်၏။

   ရှီးကောအာလဲ ခေါင်းအသာခါယမ်းလိုက်ပြီး ထပ်မပြောတော့ပေ။

   ထိုပုံစံအတိုင်းသာ ထိုင်နေရင်း ယွဲ့ကောအာကို ခဏလောက် အဖော်ပြုပေးနေလိုက်၏။ယွဲ့ကောအာက  ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ၀မ်းနည်းနေတဲ့ အမူအရာနဲ့ တစ်နေရာအား စူးစိုက်ကြည့်နေလေသည်။

   ရှီးကောအာလဲ ထရပ်လိုက်ပြီး သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်၏။

အရူးကောအာတစ်ယောက်အဖြစ် ပြန်မွေးဖွားလာခြင်းWhere stories live. Discover now