အပိုင်း (၃၃)

42 5 1
                                    

Unicode

စိမ်းလဲ့လဲ့ညိုပြာ
ယိမ်းနွဲ့နွဲ့စိုကာ
ရေနဒီကလည်း တိုးလို့ပါကလား။
ရွှေပြည်စိုး ရွှေပြည်စိုး ရွှေပြည်စိုး
လွှမ်းဖိုဖွယ်ရာ။
(ရွှေပြည်စိုး)

" ဆိတ်ထောင်းထမင်း လေးပွဲ၊ ကြံရည်၃ခွက်နဲ့ သံပုရာရည်က ၁ခွက်၊ ဟိုဟာ ဆိတ်ထောင်းကင်ပါချပေးနော်"

" ဟုတ်ကဲ့ပါဗျ၊ အစ်ကိုတို့ခဏစောင့်ပေးပါနော်..လူကျနေလို့"

"ရတယ် ရတယ်"

ကုသိုလ်တော်ဘုရား၏ တောင်ဘက်ပေါက်လမ်းကူးတွင် လူအရမ်းစည်လေ့ရှိသည့်ဆိုင်ကို သက်ဝေအောင်တို့ ဝင်ခဲ့သည်။

နာမည်လေးက "ထနောင်းရိပ်" တဲ့။
နာမည်နဲ့လိုက်ဖက်ပုံက ဆိုင်ပတ်ဝန်းကျင်နေရာတစ်လျှောက်ကို နှစ်ချို့ထနောင်းပင်ကြီးက အုံ့မိုးထားလေသည်။
တစ်နိုင်တစ်ပိုင် စားပွဲပု၊ ခုံပုလေးများကို ဟိုစုစု၊ ဒီစုစုနေရာချထားပြီး မုန့်ချိုများဖြင့်လည်း ဧည့်ခံလေ့ရှိသည်။

သက်ဝေအောင်တို့ထိုင်နေသောနေရာသည် စိမ်းစိုနေသောကန်လယ်ဘုရားနားတွင်ဖြစ်သည်။ ကန်ရေစိမ်းစိမ်းကို အနီးကပ်မြင်ရ၍လည်း အမြင်ပသာရအားဖြင့် စိတ်ချမ်းသာဖို့ကောင်းသည်။

သဒ္ဒါနှင့် ရဲရင့်တို့သည် ဘေးချင်းပူးကပ်ထိုင်ပြီး ရိုက်ထားသောပုံများကို ပြန်ကြည့်ရင်း တခစ်ခစ်ဖြင့်ရယ်နေတာမပြီးတော့။

စဝေယံမိုး၏မျက်နှာ မှိုင်းသသဖြစ်နေသည်ကို သတိထားမိသော သက်ဝေအောင်သည် ဒူးပေါ်တင်ထားသောစဝေ၏လက်ကို အသာအယာကိုင်လိုက်ပြီး ချိုသာစွာစကားဆိုလေသည်။

" ညီ...မနှစ်က သင်္ကြန်တုန်းကကျ ကလေးဝမှာပဲလား"

" အင်း...ဒုလ္လဘဝတ်တာလေ၊ ရဲရင့်ရောပဲ"

ပြောပြောဆိုဆိုဖြင့် ရဲရင့်ကိုမေးငေါ့ပြလိုက်လေသည်။

" ဟုတ်တယ် မင်းသား၊ ကျုပ်တို့က ငြိမ်းချမ်းအေးမြခြင်းနဲ့ ပြည့်စုံအောင် နှစ်တိုင်းဝတ်ဖြစ်ကြတယ်။ အဲဒါကြောင့် ခုလို ချောမောနေတာပေါ့"

"ဟား ဟား ဟား ဟား ဟား"

ရဲရင့်၏အပြောကိုပိတ်ချလိုက်တာကတော့ သဒ္ဒါ၏ခွက်ထိုးခွက်နင်းရယ်သံကြီးပင်။ ပုံကြည့်နေသော ဖုန်းကို ရေစိုခံအိတ်ထဲထည့်သိမ်းကာ စကားဝိုင်းသို့ဝင်လိုက်သည်။

ရေလိုအေးတဲ့ နွေလေးတစ်နွေ (ရေလိုအေးတဲ့ နွေလေးတစ်နွေ)Where stories live. Discover now