The Only Exception cover by Rosé(Chaennie)

618 54 18
                                        

ရာသီဥတု ပူနေတယ်မလားခင်ဗျာ ။ ချိုချိုအေးအေးလေးတွေ သောက်ကြရအောင် ။

Cheer !

_________________________________________

အမေက ပြောတယ် ။ ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ်ရမဲ့ သူ ရှိလာရင် အိမ်ပေါ်က ခေါင်းနဲ့ ဆင်းရမယ်တဲ့ ။ အဲဒီနေ့ကတော့ သူ့ကို စတွေ့တွေ့ချင်းပဲ ဂျန်းနီ အထုပ်ပြင်ထားမိတယ် ။ အိမ်ပေါ်က ဆင်းဖို့ အဆင်သင့်လေ ။ ။

လက်ဖျောက်တစ်ချက်တီးတယ် ။ တိမ်တွေ ရွေ့သွားစမ်း ။

"အီး အား"

မြက်ခင်းစိမ်းတွေပေါ် ခြေပစ်လက်ပစ်လှဲရင်း ဂျန်းနီဆီက အသံပေါင်းစုံ ထွက်နေတယ် ။ အဲဒီနေ့က ထူးထူးခြားခြား ရာသီဥတုက အမှောင်ဘက်ကို သွားနေတယ် ။ ဘယ်လိုမှ မဖြစ်နိုင်တာလေ ၊ နွေရာသီကြီးကို မိုးက တစ်ခါလောက်တော့ ရွာချဦးမဲ့ ပုံပဲ ။

တဟူးဟူးတိုက်နေတဲ့ လေတွေကြောင့် ဂျန်းနီ စိတ်တွေ ပျော်မွေ့လာတယ် ။ ဒါပေမဲ့ အီးအားလုပ်နေတာကိုတော့ မရပ်ပစ်ဘူး ။ ပြုံးပြုံးကြီးပေါ့ ။ ဘေးကကြည့်ရင် လွတ်နေမှန်း သိသာနေတဲ့ လူလိုမျိုးပဲ ။ အဲဒီလို ပုံစံနဲ့ ဂျန်းနီ အိမ်ပေါ်က ဆင်းရမဲ့ အကြောင်းအရင်းကို ရှာတွေ့ခဲ့တာ ဘယ်လောက် ရှက်စရာကောင်းသလဲဆိုတာ စာဖတ်သူတို့ စဉ်းစားသာကြည့်ပါတော့ ။

"အဲဒါ ဘာလုပ်နေတာလဲ"

ငယ်ငယ်တုန်းက အမေတို့ ဂျန်းနီကို စနေကျ စကားတစ်ခွန်းရှိတယ် ။ အဲဒါက ဂျန်းနီဟာ အိမ်တွင်ကျယ်လေးတဲ့ ။ အိမ်မှာဆိုရင်သာ ဂျန်းနီအသံက စူးစွာပြီး တစ်အိမ်လုံးကို ဖုံးနေတာ ၊ သူစိမ်းတစ်ယောက်နဲ့ဆိုရင်တော့ အသံတိတ်တာကိုမှ ဝစီပိတ်ကျင့်နေတဲ့ အတိုင်းပဲတဲ့ ။ ရှက်တတ်လိုက်တာလည်း လွန်ပါရောတဲ့ ။

ဒါပေမဲ့ သူနဲ့တော့ ဂျန်းနီ အသံမတိတ်ခဲ့ပါဘူး ။ ဒါက ဂျန်းနီကို သက်သောင့်သက်သာဖြစ်စေတဲ့ လူတွေဆီမှာပဲ မြင်တွေ့နိုင်တဲ့ ဂျန်းနီရဲ့ ပုံစံ ။ သူနဲ့ကတော့ တွေ့တွေ့ချင်းပဲ ဂျန်းနီ သက်သောင့်သက်သာ ဖြစ်ခဲ့တယ် ထင်ပါတယ် ။ ဟုတ်မှလည်း ဟုတ်မှာပေါ့ ။ ဂျန်းနီလည်း အတိအကျ မပြောနိုင် ။

Repeat That Song !Donde viven las historias. Descúbrelo ahora