မောင့်ကိုမုန်းတော့မှာ

25 2 0
                                    

နှလုံးသားဒဏ်ရာရာပြီး ပြိုလဲနေတဲ့သူပါမောင်ရယ်
မောင်သူမကိုပြုံးပြလိုက်တိုင်း ကျွန်မနှလုံးသားထဲကိုဓားနဲ့နစ်ဝင်အောင်ထိုးလိုက်သလိုနာကျင်ရတယ်
မောင် ဖြစ်နေလို့မပြတ်သားရက်ခဲ့တာပါ
မောင် ဖြစ်နေလို့အရာရာအရှုံးပေးခဲ့တာ
ဒါကိုမောင်က သူမကြောင့် ငါ့ကိုအဝေး
တွန်းထုတ်ပစ်ခဲ့တယ်
မောင် သိပ်ဆိုးတာပဲကွယ်။

ကျွန်မက ပြတ်သားလွန်းတယ်မောင် စိတ်နာတက်တယ် အမုန်းထားတက်တယ် သိပ်ချစ်ရတဲ့သူဖြစ်နေလို့ အရာရာဖုံးထားတာပါ

မောင်က ငါ့ထက်သူမကိုပိုရွေးချယ်တယ်
မောင်ရွေးချယ်လိုက်ပြီဆိုတည်းက
ကျွန်မဟာမောင့်ဘဝထဲမှာ
မရှိတော့တဲ့မိန်းမပဲမောင်

ကျွန်မပြတ်သားနိုင်တယ်
‌အခုဆိုမောင့်ဘဝထဲမှာ မောင့်ကိုသိပ်ချစ်ခဲ့တဲ့မိန်းမဟာမရှိတော့ဘူး

မောင့်အပြုံးတွေကို ငါသဘောကျခဲ့တယ်
သူမကိုပြုံးပြတဲ့အပြုံးတွေကိုတော့
ငါမုန်းတယ်မောင်

မောင်သိပ်ချစ်ရတဲ့မိန်းမကိုပါ
ချစ်ပေးနိုင်လောက်တဲ့အထိ
မေတ္တာရှင်မကြီးမဟုတ်ဘူးမောင်

ငါမောင့်ကိုသိပ်မုန်းတာ

သိပ်ချစ်လွန်းလို့မောင်ဆိုးသမျှ
သီးခံခဲ့တာပါမောင်
အမှန်ဆိုငါသဘောထားမကြီးတက်တဲ့သူပါ

မောင်ဟာမိုက်မဲလွန်းတယ်
ငါနဲ့ချစ်ခဲ့ကြတဲ့ သံယောဇဉ်တွေအမှတ်တရတွေကိုမှ မထောက် 1လလောက်ပဲတွေ့ခဲ့တဲ့အမျိုးသမီးကို သိပ်ချစ်တာဆိုတော့

ငါမောင့်ကိုမုန်းတော့မှာ

__ Hazeltk __

စာတိုWhere stories live. Discover now