အဖြူရောင်အချစ်

21 2 0
                                    

ကိုယ်ကဘယ်လိုလူလဲဆို
ချစ်ရတဲ့သူရဲ့ မျက်နှာလေးညှိုးငယ်သွားမှာ အင်မတန်ကြောက်ရွံ့တဲ့သူပါ
သူပျော်နိုင်ဖို့ကိုယ်ကလိုအပ်တယ်ဆို
အနားမှာရှိပေးပြီး ဘယ်အရာပဲလာပါစေ
အတူတူဖြတ်ကျော်မှာပါ
ကိုယ်မရှိမှသူပျော်နိုင်မယ်ဆို ထွက်သွားပေးဖို့တောင်စဉ်းစားထားတဲ့သူပါ
ကိုယ်စိုက်ပျိုးထားတဲ့ပန်းလေးက ကိုယ့်ဥယျာဉ်ထဲမှာ မပျော်နိုင်တော့တာကရင်ကွဲရတာပေါ့ ကိုယ့်အချစ်က ပေးဆပ်ခြင်းသက်သက်အဖြူထည်လေးပါ ရယူခြင်း
အမုန်းတရားတွေနဲ့ အရောင်မဆိုးချင်ဘူး
ကိုယ့်ရဲ့ပန်းလေးပျော်နိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားမှာပါ
သူများဥယျာဉ်ခြံထဲမှာ ကောင်းကောင်းရှင်သန်နေမယ်ဆို ရင်ကွဲခံရလည်းဖြစ်ပါတယ် နာကျင်ရတာပေါ့ ဒါပေမဲ့ ကိုယ့်လက်ထဲမှာမပျော်တော့တဲ့သူကို ဆွဲထားရင်သူပင်ပန်းမှာပေါ့ အဲ့ခါကျရင် လက်လွှတ်ဖို့ပဲရွေးချယ်ပေးမှာပါ ပျော်အောင်တော့နေရမယ်နော်ကိုယ့်ပေးဆပ်မှုနဲ့မင်းရတဲ့ပျော်ရွှင်မှုကတန်ပါစေအချစ်ရေ

__ Hazeltk __

စာတိုOù les histoires vivent. Découvrez maintenant