BIRD_27

265 21 2
                                    

           [Unicode]
  "* ဘယ်သူနိုင်သလဲ....? *"

လက်ထပ်ပွဲအတွက် စီစဉ်ကြတယ် ခေါ်သမျှနေရာတိုင်းကို မျက်နှာသေနဲ့လိုက်ပြီး သူစီစဉ်သမျှခံနေရတာပေါ့.......

"မင်......ကြိုက်တဲ့လက်စွပ်ရွေးလေ....
စိန်ကြိုက်လား.....? ပုလဲကြိုက်လား....? "

"ဘာမှမကြိုက်ဘူး မင်းကြိုက်ရာယူလိုက်ပေါ့
ငါ့အတွက်ဘာမှအရေးမပါဘူး......"

"လူကြားထဲမှာငါ့ကိုအရှက်ခွဲနေတာလား....?

ရွေးဆိုရွေးလိုက်...... ငါ့ကိုပြန်မပြောနဲ့

မင်းကငါ့အပိုင်ဆိုတာမမေ့နဲ့ ပတ်ဂျီမင်း.... "

" နာတယ်......လက်ကိုလွတ်ပေး
ငါ့အသားကိုနာအောင်မလုပ်နဲ့....

" မင်းငါ့ကိုချစ်တယ်ဆိုတာဒါလား.....?"

" တောင်းပန်တယ်......ဒေါသထွက်ရင်လက်ကပါမိနေတာ......"

" ရပြီ နောက်တစ်နေရာသွားမယ်......"

"မေမေကတော့ စိန်တစ်ဆင်စာယူလိုက်မယ်နော် သားလေး......"

"မေမေကြိုက်ရာယူနော်......"

"အကုန်ပြီးပြီမလား.....အိမ်ပြန်ပို့ပေး ပင်ပန်းနေပြီ......"

" ဟုတ်လား.....ပြန်ပို့ပေးမယ်လေ

မင်........မဝင်ခင် အနမ်းပေးပါလား.....? "

" လဲသေလေ..... မင်းငါ့ကိုမတရားနည်းနဲ့ဘဲပိုင်မယ်...

ငါ့ရဲ့ကြင်နာမှုတွေက မောင်တစ်ယောက်ထဲအတွက်ဘဲ......"

"ပတ်ဂျီမင်း......... ငါ့ကိုအဲ့အကြည့်မျိုးနဲ့မကြည့်နဲ့ မျက်လွှာကိုပြန်ချလိုက်.....

အဟား..... ‌ချိုချိုသာသာနဲ့တောင်းလို့မရရင်
အကြမ်းနည်းသုံးမှာပေါ့

မင်းကငါ့အပိုင်ဘဲလေ......."

"မောင့်အပိုင်ပါ.......

ကင်ထယ်ယောင်း.....ခန္ဓာကိုယ်အပိုင်ရတာနဲ့
ပိုင်ဆိုင်တယ်လို့မဆိုနိုင်ဘူး

မင်းကလူကိုယ်ဘဲပိုင်မှာ....ငါ့ရဲ့စိတ်တွေ အချစ်တွေကတော့ အချိန်တိုင်းမောင် ကိုဘဲတမ်းတနေမှာ....."

" တော်ပြီ ရန်မဖြစ်တော့ဘူး မနက်ခင်းဆိုရင်ဘဲအပိုင်ရမှာဆိုတော့ တပည့်တွေနဲ့အောင်ပွဲခံရအုန်းမယ်.....

BIRD { Complete}Where stories live. Discover now