Part (10)

68 4 0
                                    


Unicode

"သဲသဲလေး"

"ဗျာ"

"သဲသဲ ကုရေ"

"ဗျာ"

"ချစ်တယ်နော်"

"ကျွန်တော်ကလည်း ယောင်းကို အရမ်းချစ်တာပါဗျာ"

ချစ်သူဖြစ်ပြီးကတည်းက မရိုးနိုင်အောင်သွားလိုက်ရတဲ့ ရွာအလည်အပတ်ခရီးစဉ်။ စပါးခင်းတွေလည်းမရှောင်၊ နွားတင်းကုတ် တွေလည်းရောက်ဖြစ်။ အခုတော့ သူတို့ အိမ်ထဲက ကွတ်ပျစ်မှာထိုင်ရင်း စကားပြောနေမိသည်။

"မနက်ဖြန်ဆို ရွာဘုရားပွဲရောက်ပြီနော်"

"အင်း။ ယောင်း သွားချင်တာ၊ စားချင်တာတွေကို ကျွန်တော်က လိုက်လုပ်ပေးမှာပေါ့"

"ရွာဘုရားပွဲပြီးနောက်သုံးရက်နေရင် မြို့ပြန်ရတော့မှာ။ သဲသဲလေးကို လွမ်းနေရတော့မှာ"

"မပူပါနဲ့ အချစ်ရယ် ကိုယ်လိုက်လာတွေ့မှာပေါ့။ ပြီးတော့ တစ်နှစ်ပဲ ကျန်တော့တာလေ။ အဲ့တာပြီးရင်တော့ ကိုယ်တို့ လက်ထပ်ကြမယ်နော်။ ကိုယ့်အချစ်ကို ထပ်မခွဲချင်တော့ဘူး။ အခုဟာက အချစ်ရဲ့ ပညာရေးကြောင့် လွှတ်တယ်မှတ်ပါ။ ကိုယ်အတွက်က အချစ်ကလွှဲရင် ဘာမှ မလိုပေမယ့် အချစ်ပညာရေးကိုတော့ ဆုံးခန်းတိုင်စေချင်တယ်။ ဟိုရောက်ရင်တော့ ကိုယ် စိတ်ချပါရစေနော်"

"စိတ်ချ ဒီက အချစ်က သဲသဲလေးအပိုင်ပါ။ အချစ်ကလဲ အသဲကို စိတ်ချမယ်နော်။ ထပ်လဲ မမွှေနဲ့တော့နော်"

"အင်းပါ။ စိတ်ချ"

ရွာဘုရားပွဲရောက်ရင် ရွာဦးစေတီကို လုံးတော်ပြည့် ထုံးသင်္ကန်းကပ်လှူကြသည်။ ရွာထဲရှိ ယောက်ျားကြီး၊ငယ်မရွေး ဒီအချိန်ဆို ရွာဦးစေတီမှာ လုပ်အားဒါန ပြုလုပ်ကြသည်။ အရပ်ထောင်ထောင်မောင်းမောင်း ယောက်ျားအများစုကတော့ စေတီပေါ်တက် ကာ ထုံးသင်္ကန်းကပ်ကြသည်။ ကျန်ယောက်ျားသားများကတော့ စေတီအောက်ခြေဘက်တွင် ထုံးသင်္ကန်းကပ်ကြသည်။ ကလေးသူငယ် ယောက်ျားလေးများနှင့် အသက်အရွယ်ကြီးသူများကတော့ ထုံးသင်္ကန်းကပ်ရန်အတွက် ထုံးရည် ပြင်ဆင်ပေးကြသည်။ ရွာထဲတွင်တော့ အိမ်တိုင်းနီးပါး အမျိုးသမီးများကတော့ ဘုရားပွဲတွင် ကျွေးမွေးရန် မုန့်များ ပြုလုပ်ကြသည်။ ကြော်တန်ကြော် ချက်တန်ချက် ယိုထိုးတန်ယိုထိုးနေကြသည်။ ရွာဘုရားပွဲမုန့်တွေကတော့ အစုံပါပဲ မုန့်ပေါက်ကြောက်၊ စာကလေးခွေကြော်၊ ငါးမုန့်ကြော်၊ မုန့်ဆီကြော်၊ ဇီးယို၊ နှမ်းကပ်ကြော်၊ နွားနို့ခဲချက်၊ နွားနို့ခဲယို၊ ထန်းညက်တို့တွေပေါ့။ စားချင်ရင် ရွာဘုရားပွဲကို လာကြပါနော်။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now