Part (16)

63 4 0
                                    

Unicode

နေ့လည်စာစားဖို့ ဆိုင်တစ်ဆိုင်သို့ ထွက်လာခဲ့သည်။ ဆိုင်ရောက်တော့ အတွင်းဘက် မှန်ပြတင်းနဲ့ နီးရာနေရာလေးကို ရွေးကာထိုင်လိုက်သည်။ နေ့လည်စာ နှစ်ယောက်စာ (Couple Set) ကိုမှာလိုက်သည်။ မောင်ကတော့ မီနူးကြည့်ပြီးမှာနေသော ကိုယ့်ကိုကြည့်ကာ ပြုံးနေသည်။

"ဘာတွေပြုံးနေတာတုန်း မောင်"

"ဒီတိုင်း မောင့်ချစ်သူလေးက အရမ်းချစ်ဖို့ကောင်းလို့။ ယောင်းနားမှာ မောင်ရှိနေရင် အဲ့လိုပဲ အပြုံးတွေက အသက်ဝင်နေရောပဲ"

"မောင်ကတော့ ပိုပြီပဲ"

"မပိုပါဘူးဗျာ၊ လိုတောင်လိုနေသေးတာဗျ"

စားစရာများလာချပေးတော့ နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်ကြည်နူးနူးစားသောက်ခဲ့ကြသည်။ ရွာအကြောင်း၊ မိသားစုအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ပြောကြဆိုကြရင်းနဲ့ ငချာတစ်ယောက် ထန်းရည်မသောက်တော့ဘဲ လိမ္မာနေကြောင်းသိခဲ့ရသည်။ အင်ယော့အတွက်တော့ ဝမ်းသာစရာပါ။ သူတို့လဲ စာအဆက်အသွယ်တော့ရှိပေမယ့် ငချာက လာတွေ့ဖို့ အလုပ်တွေ အရမ်းများနေတယ်တဲ့လေ။ အင်ယော့တစ်ယောက်ကတော့ လွမ်းနေရောပဲ။ အခုဆို ကျောင်းပြီးဖို့လဲ ဘယ်လောက်မှ မကျန်တော့ပါ။ မောင်ကတော့ စာမေးပွဲနားနီးရင်တော့ အဆက်သွယ်မလုပ်တော့ဘူးလို့ပြောတာပဲ။ အဲတာကြောင့်လဲ စိတ်ဆိုးပြီးသွားပြီ။

"ယောင်။ ဘာတွေတွေးနေတာလဲ"

မျက်စောင်းလှလှလေးက ဒိုင်းခနဲ ရောက်ရှိလို့လာသည်။

"ဟောဗျာ၊ မောင်ကမဆက်သွယ်ချင်တာမှ မဟုတ်တာ။ ယောင်းလေး စာကျက်ဖို့အချိန်လိုတာမို့လေ။ ပြီးတော့ ဒီကြားထဲ မောင် ခဏခဏ လာဖြစ်နေမှာပါ အချစ်ရယ်"

ထိုသို့ပြောမှ တဖန် ပြန်ကြည်လင်လာသော ချစ်ရသူရဲ့မျက်နှာလေး။ မောင်က ပိုတောင် မခွဲချင်သေးတာဗျ။ ပတ်ဝန်းကျင်ကြောင့်သာ ဒီလိုလေးနေနေတာ။ မဟုတ်ရင် ယောင်းနာပဲ ကပ်နေချင်တာ။ တော်ကြာ အဖြစ်သည်းတယ် ပြောနေမှာစိုးလို့။ သိလား။ ဘာမှလဲ မသိဘဲနဲ့။ မောင်ကလေ ယောင်း စာမေးပွဲပြီးတာနဲ့ တန်းပြီး လက်ထပ်ဖြစ်မှာ သိလား။

ဆိုးပေလေးရဲ့မြို့ကြီးသား (Complete)Where stories live. Discover now