Chapter 15

2.4K 437 15
                                    

Unicode

    

စူးယိရန်၏ ညှပ်ရိုးနှစ်ဖက်လုံးခမျာ ကုယွမ်းထင်၏ ကိုက်ခြင်း၊ လျှက်ခြင်း ခံနေရကာ ဖြူဆွတ်သောအသားအရေက မကြာခင်မှာပဲ နီရဲ၍လာသည်။သူ နာကျင်သွားသည်မို့ မတတ်သာစွာ အသံထွက်အော်မိသွား၏။ ကုယွမ်းထင်၏ ညာဘက်လက်ကနေ သွေးအနည်းငယ်စိမ့်ထွက်လာတာကို ရိပ်ခနဲမြင်လိုက်ရပြန်တော့ စိုးရိမ်လာပြန်သည်။ခုချိန်မှာ တစ်စုံတစ်ရာလုပ်ဖို့တောင် အတွေးရှိမနေတော့။စစ်ဆေးကြည့်ပေးဖို့ရာအတွက် အချုပ်ခံထားသည့်လက်နှစ်ဖက်ကို ရုန်းကာဖြင့်

"ခင်ဗျားလက်က....သွေး.."

ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်ကနေ ကျယ်လောင်သောမိုးခြိမ်းသံတစ်သံထွက်လာကာ ထို့နောက်မှာ နောက်ထပ်တဂျိန်းဂျိန်းသောမိုးခြိမ်းသံများဆက်တိုက်ပါလာပြီး အတန်အသင့်ရွှာနေသောမိုးကနေ သည်းထန်သောမိုးအဖြစ်ပြောင်းသွား၍ မိုးစက်သံတဝေါဝေါဟာ မြေပြင်ပေါ် သက်ဆင်းလာတော့သည်။

    

ကုယွမ်းထင်က စူးယိရန်အား လွယ်ကူစွာ၊ ခိုင်မာစွာ ထိန်းချုပ်ထားနိုင်ကာ သူ့ထံကရုန်းကန်မှုနှင့် အာမေဋိတ်သံတွေကို လုံးဝလျစ်လျူရှုထားပြီး သူ့နှုတ်ခမ်းလွှာက ညှပ်ရိုးများအောက်သို့ သက်ဆင်းလာသည်။

သူ့ဘေးနားမှာ ဒီတိုင်းပိတ်လှောင်ထားပစ်လိုက်တော့မယ်.....

    

အခန်းထဲမှာ ပိတ်လှောင်ထားပြီး သူတစ်ယောက်တည်းပဲ ပိုင်ဆိုင်ပြီး သူတစ်ယောက်တည်းပဲ စံစားမယ်......

    

ဘယ်သူမှ သူ့ကို ထပ်မကြည့်စေရတော့ဘူး။

    

စူးယိရန်သည် ကုယွမ်းထင်၏ စိတ်အခြေအနေက အလွန်ထူးဆန်းနေကြောင်း အာရုံခံစားမှုစူးရှထက်မြက်စွာဖြင့် သတိထားမိသွား၏။

    

သူ ထပ်ပြီး ရုန်းကန်ခုခံမနေတော့။ခန္ဓာကိုယ်က ပျော့ပြောင်းသွားကာ ကုယွမ်းထင်လှုပ်ရှားမှုမှန်သမျှ စိတ်ရှည်စွာခွင့်ပြုပေးထားကာ တိုးဖွ၍နာကျင်နေသော အသံလေးသာ မတတ်သာစွာထွက်လာသည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now