[ 1 ]

1.7K 136 20
                                    


"အဲ့တော့ နင်ကသူ့ကိုချစ်သွားပြီပေါ့ Nini"

"ဟုတ်မယ်ထင်တယ်.. သူ့ရှေ့ရောက်သွားရင် ငါကငါမဟုတ်တော့သလိုပဲ အိမ်မက်ထဲလမ်းလျှောက်နေရသလို အရာရာ ေ၀၀ါးသွားတယ်"

"အင်း ကျွမ်းနေပြီ ကုဖို့ဆေးမရှိတော့ဘူး.."

" ပြောတော့မယ် နင်တို့ကလဲ "

ရှက်ပြုံးနဲ့ Nini အပြော။
အော်..အချစ်က လူကိုပြောင်းလဲစေတာပါလား
ဘယ်သူ့မှထီမထင်တဲ့ Nini လဲ ပြောင်းလဲနေပြီ။

"သူက မိန်းကလေးဆိုပေမယ့် ငါတို့နဲ့မတူဘူးဟ.. သူ့စွမ်းအားတွေက ငါတို့ထက်သာတယ်.. ထက်မြက်ပြီးတော့အရမ်းလဲမိုက်တယ်"

"ရက်စက်တက်ပြီး ဘာမဆိုအမိန့်ပေးတတ်တာလေး.. လူ့အသက်ကို စက္ကူလေးတစ်ရွက်လောက်တောင်မှထည့်မတွက်တာလေးလဲ ထည့်ပြောအုန်း.."

Suzy စကားကို Nini က လက်မခံချင်သလို..

"ဒါကတော့ သူယူထားရတဲ့တာ၀န်တွေက ကြီးတာကိုဟ"

" ရှေ့နေမ ခုမှဘက်မလိုက်နဲ့"

" ကဲ နှစ်ယောက်စလုံးတော်ပါတော့
unnie နင်သူ့ဆီက ဘာတွေသိခဲ့ရလဲ အဲ့ဒါဘဲပြော ကြိုက်တာမကြိုက်တာနောက်မှပြော..
လောလောဆယ် Ms.Lee စုံစမ်းခိုင်းတဲ့ ကိစ္စလုပ်ခဲ့လား.."

Nini ရဲ့ အမွှာညီမ Jen က ဝင်ပြောတော့..။

" ငါသူ့ကို မလိမ်ချင်ဘူး Jen.. ပြီးတော့ သူ့လိုမိန်းမက တစ်စုံတစ်ယောက်လှည့်စားလို့ရတဲ့သူမျိုးမဟုတ်ဘူး"

"အချစ်စွမ်းအားကတယ်ကြီးမားသကိုး ငါ့အစ်မတော့တကယ်ကြီးနင့်သွားပြီထင်တယ်"

"ဟုတ်တယ် ငါ သူ့ကိုအသက်လောက်ချစ်မိသွားခဲ့တာ..သူ့အတွက် ငါ့ဘဝတစ်ခုလုံးတောင်ရင်းရဲတယ်"

"ဟင်းး ထားတော့ ငါဘဲဆက်လုပ်လိုက်တော့မယ် နင်ဖယ်နေလိုက်တော့.."

"တကယ်လား Jen!!!.. ကျေးဇူး ချစ်သွားပြီ ငါ့ညီမလေးပဲ အားကိုးရတယ်.. popo..မွမွ"

"အခုမှလုပ်မနေပါနဲ့ ကြည့်လုပ်နော် unnie.. အဲ့မိန်းမအရမ်းကြောက်ဖို့ကောင်းတယ်"

"အေးပါ ငါသိပါတယ်"

"ကဲ ဒါဆိုသွားကြစို့ ဒါမှမနက်ဖြန် Ms.Lee လာရင်အဖြေအဆင်သင့်ရှိမှာ"

A Living DollWhere stories live. Discover now