[ 3 ]

431 81 16
                                    


💣 💣 💣

"David ဘာတွေလုပ်နေလဲ"

"နယ်စပ်ရောက်နေပါတယ် သခင်မလေး "

"ဘာကိစ္စလဲ.."

"အဖြူတွေ ဒီတစ်ခါပမာဏအတော်များတဲ့ပုံပါဘဲ"

"အင်း အဲ့ဒါတွေကို David လက်ထဲရောက်တာမမြင်ချင်ဘူး..ဖြတ်ပစ်လိုက်"

"ဟုတ်ကဲ့...ယူလာခဲ့ရမလား သခင်မလေး.."

"No ဖျက်စီးလိုက် ငါတို့မှန်းမရိပ်မိစေနဲ့"

"ဟုတ်ကဲ့..."

Lisa ပြောနေရင်း နံရံမှာစိုက်နေတဲ့မြှားလေးကိုနှုတ်ပြီး ရုတ်တရက်တံခါးပေါက်ဆီသို့လှမ်းပစ်လိုက်သည်။

"အ..."

"ငါချောင်းနားထောင်တာမျိုးမကြိုက်ဘူး"

"chae လဲချောင်းနားမထောင်ပါဘူး.."

chae ပြောရင်း တံခါးဘောင်မှာ စိုက်နေတဲ့မြှားလေးကိုဆွဲနှုတ်လိုက်တယ်။
လွဲသွားလို့တော်သေး။ထိများထိမိရင်မလွယ်။

"ဘာလာလုပ်တာလဲ ငါမင်းကိုခွင့်မပြုထားဘူးလေ"

"ခွင့်မပြုလို့ ခွင့်ပြုချက်တောင်းမလို့လာတာ"

"Bam သွားတော့ ရပြီ..."

"ဟုတ်ကဲ့ သခင်မလေး"

"မင်းဘယ်လိုသတ္တိဘယ်လိုယုံကြည်ချက်နဲ့ ဒီလာရဲတာလဲ"

မြှားလေးတစ်ချောင်းကို လက်ထဲဆော့ကစားရင်းမေးလိုက်တဲ့ lisa ရဲ့အမေးကို...

"နင် ငါ့ကို သတ်မှာမဟုတ်ဘူးဆိုတဲ့ယုံကြည်ချက်မျိုးနဲ့ "

အနည်းငယ်အဖျားခတ်သွားတဲ့ဖြေပုံလေးနဲ့အတူ စိုက်ကြည့်နေတဲ့ မျက်၀န်းတွေက lisa လက်ထဲက မြှားလေးဆီ..။
မင်းဟန်မဆောင်တက်သေးဘူးချယ်ယောင်း။

"နောက်တစ်ခါ အ့ဲလိုယုံကြည်ချက်မျိုးကိုလွင့်ပစ်လိုက်
ပြောပါအုန်း ဘာကိစ္စလဲ"

"ဟိုဟာ.. ဖုန်းဆက်ချင်လို့...
chae ဖုန်းက ရှင်သိမ်းထားတာ"

နင်လို့ပြောလိုက် ရှင်လို့ပြောလိုက်နဲ့ ထိုကောင်မလေးက ချစ်စရာကောင်းလွန်းသည်။

"ဘယ်သူ့ဆီကိုဆက်မှာလဲ.."

"ဘယ်သူဆီဖြစ်ဖြစ်ပေါ့..."

A Living DollDonde viven las historias. Descúbrelo ahora