Part -3

1.6K 45 0
                                    

" ရင်ခတ်ပန်း "
==========
အပိုင်း-၃

အိမ်ထဲကို..ဝုန်းဝုန်းဒိုင်းဒိုင်း ဝင်ချလာသည့်မြလေးကြောင့် စိမ်း ကိုယ်လေး မတ်သွားရကာ...

"မြလေး ဘာဖြစ်လာတာလဲ"

မြလေးက ကျောပိုးအိတ်ကို ပစ်ချလိုက်ပြီး...

"သမီး ရင်ခတ်ပန်းနဲ့ ကျောင်းအတူ မတတ်နိုင်တော့ဘူး"

"ဟင် ရင်ခတ်ပန်း ဘာလုပ်လိုက်လို့လဲ"

"သူနဲ့ကားအတူ စီးရတာ သိက္ခာကျတယ်..ပြီးတော့ သူက ကုတ်ကမြင်း ယောက်ျားလေးတွေနဲ့ပေါင်းတယ်"

"သမီးက ကျောင်းပြောင်းချင်လို့လား"

မြလေး ခေါင်းညိတ်လိုက်ပြီးမှ ချိန်းပုံရိပ်လေး မြင်ယောင်သွားရကာ...

"မဟုတ်ဘူး ရင်ခတ်ပန်းကိုပြောင်းပေး"

"အဲဒါက..."

"ဘာလို့လဲ မေမေ မရဘူးလား သမီးအရမ်းစိတ်ညစ်တာပဲ"

ထိုစဉ် အိမ်ရှေ့က ကားရပ်သံကြောင့် သားအမိနှစ်ယောက်လုံး မျှော်ကြည့်လိုက်သည်။

ကားပေါ်က ဆင်းလာသူက "မြစိမ်းရောင်"စံအိမ်ရဲ့ အရှင်သခင်.."ဦးသစ်ပင်"

စိမ်းနဲ့မြလေး အော်တိုမစ်တစ် ထရပ်ပြီးသားဖြစ်သွားရကာ နှုတ်မှလည်း၊..

"အဖေ"

"ဖိုးဖိုး.."

ဦးသစ်ပင်က မြလေးကို ချစ်စနိုးလေး ခေါင်းကို ဖိပွတ်လိုက်ပြီး...

"ဖိုးဖိုး ပင်ပန်းလာလို့ နားဦးမယ်"

အပေါ်တက်သွားတဲ့ ဦးသစ်ပင်ကိုကြည့်ပြီး မြလေး နှခမ်းစူထော်သွားရသည်။

စိမ်းက မြလေးပုံစံကိုကြည့်ပြီး...

"မြလေး နင် ပါးစပ် ပိတ်ထားလိုက်တော့"

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

"မောင်းတော့"

မြလေးရဲ့စကားကြောင့် ဒရိုင်ဘာ ဦးမောင် အံသြသွားရကာ..

"ခခ မလာသေးဘူး"

မြလေးက နောက်မှီကို ဟန်ပါပါ မှီလိုက်ပြီး လက်ပါပိုက်လိုက်သည်။

ရင်ခတ်ပန်းWhere stories live. Discover now