Part -18

1.5K 31 0
                                    

"ရင်ခတ်ပန်း "
==========
အပိုင်း-၁၈

"အဘွား.."

"မြေး"

ခခ ဒေါ်ပန်းမြတ်ကို..မြင်သည်နဲ့..ပြေးဖက်လိုက်သည်။ဒေါ်ပန်းမြတ်က ခခမျက်နှာလေးကို တယုတယမော့ကြည့်ပြီး..မချိပြုံးလေးပြုံး၏။

ချိန်းက နောက်က ထွက်လိုက်လာပြီး...

"အဘွား..အိမ်ထဲ..ဝင်လေ..ခခ..လာ..မြလေးရော.ပါလာတာလား ဝင်ခဲ့လေ"

ချိန်းက ခခပုခုံးလေးကနေ သိမ်းဖက်ပြီး..နောက်နားလေးမှာ ရပ်နေတဲ့..မြလေးကိုပါ..လှမ်းခေါ်၏။

မြလေးက ခေါင်းညိတ်ပြီးမှ ကားထဲက တစ်စုံတစ်ခုကို..ထုတ်ယူလာသည်။

ဒေါ်ပန်းမြတ်က..ခခနဲ့အတူ ဆိုဖာပေါ်တွင်..ဝင်ထိုင်ရင်း..

"ငါ့မြေးလေး..ပိန်သွားလိုက်တာ.."

ခခကတော့..ဘာမှမပြောဘဲ.ဒေါ်ပန်းမြတ်ခါးကို ဖက်ထားရင်း..ငြိမ်နေ၏။

"မြေး အစားကော ပုံမှန်စားသလားဟင် ဘာစားချင်လဲ အဘွားကိုပြော.."

"ခခ ခု ဘာစားစား..အန်ချင်လို့.."

"ဟင်"

ဒေါ်ပန်းမြတ်..အလန့်တကြားနဲ့..ချိန်းကို..မော့ကြည့်သည်။ချိန်းက..ပြုံးလိုက်ပြီး...

"ခခ ရင်သွေးလေး လွယ်ထားရပြီ အဘွား"

"ဟင်"

"အဲဒါကြောင့်..အစားနည်းနည်းပျက်နေတာ အားဆေးတွေတော့ဝင်အောင်တိုက်ပါတယ်.."

"အေးအေး ငါ့မြေးလေး ကံဆိုးလွန်းတဲ့မြေးလေး အသက်ရှည်ပါစေ.."

ဒေါ်ပန်းမြတ်က..ခခကိုဖက်ထားရင်းနဲ့မျက်ရည်လေး ဝိုင်းနေရှာ၏။

ထိုစဉ်...

"ခခ"

မြလေးက..ခခဆီလျောက်လာပြီး ခပ်တိုးတိုးလေး ခေါ်၏။

မြလေး ခေါ်သံကြောင့်..ခခက မျက်နှာလေးကို..တစ်ဖက်လိမ်နေအောင် လှည့်ထားပြီး...

"နင့်ကို ငါမခေါ်ဘူး..သွား ဝေးဝေးမှာ နေစမ်း"

"ခခ ငါတောင်းပန်ပါတယ် နင့်အိမ်လေးကို ငါယူလာခဲ့ပြီလေ ဒီမှာ.."

ရင်ခတ်ပန်းحيث تعيش القصص. اكتشف الآن