ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေး

1.3K 110 0
                                    

Part 30

ထန်ထန်ခြေထောက်ကိုနှိပ်နယ်ပေးခဲ့တာကြောင့်ပဲလားမသိဘူး ကျိယန် အိပ်ယာထဲဝင်တဲ့အခါမှာ အဆင်ပြေပြေရှိခဲ့တယ်။ သူ ကောင်းကောင်း အိပ်ပျော်သွားပြီး နိုးလာတဲ့အချိန်မှာတောင် အားအင်အပြည့်နဲ့ တက်ကြွနေခဲ့တယ်။

ကျိယန် ခြေထောက်ကိုစိုက်ကြည့်နေရင်း မနေ့ညက သူ့ခြေထောက်ကို နှိပ်နယ်ပေးတဲ့ လက်တစ်စုံကိုမြင်ယောင်ရင်း အတွေးနယ်ချဲ့နေမိတယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်နေတဲ့ ထန်ထန် ကို သတိလက်လွတ်နဲ့ လှည့်ကြည့်လိုက်မိတယ်။ အချိန်အတော်ကြာကြည့်နေပြီးတဲ့နောက် တိတ်ဆိတ်စွာနဲ့ မတ်တပ်ရပ်လိုက်ပြီး မနက်ခင်းလုပ်ငန်းစဉ်တွေကို လုပ်ဖို့အတွက် ထွက်ခွာသွားတယ်။

လေ့ကျင့်ရေးကွင်းမှာတော့ သူ့ကွပ်ကဲမှုအောက်က တပ်သားတွေရှေ့မှာ ကျိယန် က လေးနက်စွာနဲ့ မတ်တပ်ရပ်ပြီး သူတို့ရဲ့ ပထမဆုံး လေ့ကျင့်မှု့ကိုပြောနေတယ်

ကီလို ၃၀ သယ်ပြီး ကျိရှီ တောင်ထိသွား

ချက်ချင်းပဲ စစ်သားတွေအားလုံး သူတို့စိတ်အတွင်းမှ တုန်လှုပ်ခြောက်ခြားစွာ ငိုကြွေးလိုက်ကြတယ်။ ဒီလေ့ကျင့်ရေးကြောင့် သေတော့မသေပေမယ့် သူတို့အရေပြားတွေ အနည်းဆုံးအလွှာလိုက်ကွာကြတဲ့အထိ ပင်ပန်းမယ်ဆိုတာ တွေးလိုက်မိတယ်။ ဒါပေမယ့်လဲ အဲ့ဒီအေတြးကို ဘယ္သူမွ သူတို့မျက်နှာပေါ်မှာ မဖော်ပြရဲကြဘူး။ ကျိယန် ရဲ့ အမိန့်အရ တပ်သားအားလုံးက သူတို့ရဲ့အိတ်တွေကို ကိုယ်စီယူပြီး တောင်ခြေသို့ စနစ္တက် စတင်ပြေးကြတော့တယ်။

ကျိယန် က ၃၅ ကီလိုသယ္ကာ ရှေ့မှ ဦးဆောင်ပြေးနေပြီး တပ်သားအားလုံးက သူ့နောက်မှဖြစ်တယ်။ ဘယ္သူမွ နောက်မကျရဲကြဘူး။

တုန်းလီ လဲ သူ့ရဲအဖွဲ့မှာ ပါ၀င်တာဖြစ်ပြီး သူ့တာဝန် နောက်တန်းမှနေ၍ တပ်သားအားလုံးကို စောင့်ကြပ်ရန်ဖြစ်တယ်။ တုန်းလီက ကျိယန် နားရောက်ရန် အရှိန်မြှင့်ပြေးလိုက်ပြီး

လောင်ကျိ ဘာဆေးစားမှားလို့ ဒီလောက်တောင် တက်ကြွပြီး မြန်မြန်ပြေးနေတာလဲ နောက်က ပြေးနေရတဲ့ လူတွေ မင်းနှိပ်စက်လို့ သေလုနီးပါးဖြစ်နေတာ စိတ်မပူတော့ဘူးလား..."

ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေးWhere stories live. Discover now