ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေး

1.2K 95 0
                                    

Part 45

ကုကျန်းအန်တစ်ယောက် သူ့ညီမအရင်းက သူ့သူငယ်ချင်းကောင်းအပေါ်မှာ တစ်ချိန်လုံး ခံစားချက်တွေရှိနေမယ်လို့ လုံးဝမထင်ထားမိပေ။ အရင်ကဆို ကျိယွဲက အဲ့အကြောင်းအကြိမ်များစွာ သူ့ကိုပြောပေမယ့်လဲ သူမ အတွေးလွန်နေတာလို့ပဲ သူထင်ခဲ့မိတယ်။ တကယ်တမ်းကျတော့ ကျိယွဲ မှန်နေမယ်လို့ ဘယ်သူကထင်မှာလဲ။

ကုယန်ရန် ကျိယန်က လက်ထပ်ထားတဲ့ယောကျာ်းတစ်ယောက်၊ နင်သဘောကျရမယ့်သူ မဟုတ္ဘူး အဲ့အတွေးတွေကို ရပ်လိုက်စမ်း ကျိယန်ကို အကိုကြီးတစ်ယောက်လိုပဲ သတ်မှတ်လို့ရမယ်

တကယ္လို့ ကျိယန်သာ လက်မထပ်ထားဘူးဆိုရင် သူတကယ္ကိုပဲ လက်ခံပေးမှာဖြစ်ပေမယ့် အခုတော့ ကျိယန်က သားနဲ့ဇနီးနဲ့ဖြစ်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကုယန်ရန် ဒီအတွေးတွေကို အဆုံးသတ်မှဖြစ်မယ်။

ကုယန်ရန် လက်သီးဆုပ်လိုက်မိပြီး သူမ မျက်လုံးတွေက အနီရောင်သို့ပြောင်းလဲသွားကာ

ဘာကိုကြည့်ပြီးပြောတာလဲ ညီမ ကျိယန်ကို ငယ်ငယ်လေးကတည်းက သေဘာက်လာခဲ့တာ ထန္ထန္က တတိယလူပဲလေ တကယ္လို့ သူမ ကြောင့်သာမဟုတ်ရင် ကျိယန်က ညီမအပိုင်ဖြစ်နေပြီ

ကုကျန်းအန် စိတ်ဆိုးလာပြီး

ဘယ္လို အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ တကယ္လို့ ထန်ထန် မဟုတ်ဘူးဆိုရင်တောင် ကျိယန်က နင့်ကိုကြိုက်မှာမဟုတ်ဘူး သူက နင့်ကို ညီမလေးတစ်ယောက်လိုပဲ တွေးထားတာ

အကို လိမ်နေတာ အဖိုးကျိက ညီမတို့ကုမိသားစုနဲ့ လက်ထပ်ပွဲလုပ်ချင်နေတာကို ကျိယန်က လက်ခံတယ်ဆိုကတည်းက သူလဲ ညီမအပေါ်ခံစားချက်ရှိနေတယ်ဆိုတာ အသိသာကြီးပဲ

သူ့ညီမရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေကြောင့် ဒေါသထွက်လွန်းလို့ ရယ်မိမတတ်ဖြစ်လာတယ်

ကုယန်ရန် အဖိုးကျိက ငါတို့ကုမိသားစုနဲ့ မိသားစုချင်းပေါင်းစည်းချင်တာ အမှန်ပဲ.. ဒါပေမယ့် ငါတို့မိသားစုမွာ သင့်တော်တဲ့အသက်အရွယ်ရောက်နေတဲ့ မိန်းကလေးတွေ အများကြီးပဲရှိတယ် နင့်ကိုရွေးပါတယ်လို့လဲ ဘယ်တုန်းကမှ မပြောဖူးဘူး ကျိယန် လက်ထပ်သွားတာကြောင့် နင်အများကြီး အေတြးလြန္သြားတာပဲ ဖြစ်မယ်

ငါ့ကိုအလိုလိုက်လွန်းတဲ့ဇနီးချောလေးWhere stories live. Discover now