4

250 24 2
                                    

4>>>>>>>>>>>>>>>

ဒီနေ့ကျောင်းတွေပြန်ဖွင့်ပြီ။ ဘာလိုလိုနဲ့ ကျွန်မတောင် တတိယနှစ်ကျောင်းသူဖြစ်သွားပြီပဲ။ အရင်က ကျောင်းလမ်းတစ်လျှောက်ပျော်စရာအမှတ်တရတွေအများကြီးပဲ။ ရည်မှန်ချက်တွေအတွက် အပျော်များနဲ့တတ်ကြွစွာသွားခဲ့ဖူးတယ်။ သွားလေရာအဖော်ပါတတ်တဲ့ မီနာ၊ ဟန်နာ အမွှာနှစ်ယောက်ကိုလည်းသတိရမိပါသည်။ အဲ့နှစ်ကောင်က ပိတ်ရက် သူတို့အဖွားရှိရာရွာကို ရောက်နေတာမို့ အဆက်အသွယ်သိပ်မလုပ်ဖြစ်တာပင်။ ကျွန်မနဲ့ဦးဂျွန်ကိစ္စတိုင်ပင်ဖူးတာမို့ ကျွန်မတို့အကြောင်းအားလုံးသိတဲ့သူတွေလေ။

"ဘေဘီ"

"omm? "

"ကျောင်းကိုရောက်နေပြီဘေဘီရဲ့"

ဟုတ်ပါရဲ့။ ကားကကျောင်းဝန်းထဲတောင်ရောက်နေပြီ။

"ညနေ ကိုယ်လာကြိုမယ်။ ကိုယ်မအားရင် အဲလက်စ်ကိုလွှတ်လိုက်မှမို့ စောင့်နေနော်"

"Nae လိုက်ပို့ပေးလို့ ကျေးဇူးပါ"

"မလိုပါဘူး ..... (ပြတ်စ်)အခုလိုက်ပို့ခယူလိုက်ပြီလေ"

အတူနေလာတာကြာလာတာနဲ့အမျှ အခုလိုရုတ်တရက်အပြုအမူတွေက ကျွန်မအတွက်မထူးဆန်းတော့ပေ။

ကားထဲကထွက်လာပြီးမကြာဘူး မကြားရတာကြာပြီဖြစ်တဲ့ အသံပြဲကြီးတွေကိုကြားလိုက်ရတယ်။

"ဂျေဟီးးးး"

ကျွန်မဆီအပြေးရောက်လာတဲ့အမွှာနှစ်ကောင်ကြောင့် လက်ယမ်းပြလိုက်တယ်။

"ဘယ်မှာလဲ.. ဘယ်မှာလဲ"

အမောဖြေရင်းမီနာကမေးလာတာမို့ ကြောင်သွားမိတယ်။

"ဘာကြီးလဲ"

"နင့်ယောင်္ကျားလေ"

လက်ထပ်ထားတာမှန်ပင်မဲ့ ဘယ်သူမှအဲ့လိုမပြောဖူးတာမို့ ထူပူလာမိတယ်။

"သွားပြီလေ"

"ဟာ~~ငါတို့မှာမှီအောင် ပြေးတောင်လာတာကို...  ဒါနဲ့နင့်နားရွက်တွေ ဘာလို့ရဲနေတာလဲ"

ဆက်ပြောနေရင်ဒီနှစ်ကောင်ကစ,တော့မှာသိနေတာမို့ အလည်မှာရပ်ပြီးနှစ်ယောက်လုံးကိုဆွဲခေါ်လိုက်တယ်။

My billionaire husband (သခင်ကြီးရဲ့ ချစ်ဇနီး)Where stories live. Discover now