5

301 25 4
                                    

5>>>>>>>>>>>

ဒီနေ့ပိတ်ရက်မို့ ဖေဖေ့ဆီလိုက်ပို့ပေးမယ်လို့ဦးဂျွန်ကပြောထားတယ်။ Leoဆေးရုံမှာ အကောင်းဆုံးကုသမှုတွေကို ခံယူပြီးကတည်းက ထူထူထောင်ထောင်ပြန်ဖြစ်လာတာက ဝမ်းသာစရာပင်။ ဖေဖေကအိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်သလို ကျွန်မအတွက်အဖိုးဖြတ်မရတဲ့ လေးစားရတဲ့ပုဂ္ဂိုလ်ပင်။ ငယ်ငယ်ကကျောင်းမှာ စံထားရတဲ့သူကိုမေးတဲ့အခါ သူများတွေက နာမည်ကြီးပုဂ္ဂိုလ်တွေကိုဖြေတတ်ပင်မဲ့ ကျွန်မကတော့ ဖေဖေလို့ပဲဖြေတတ်တယ်။

ဒေါက်ဒေါက်

"Appa"

တံခါးဖွင့်ဝင်သွားတော့ ဆေးရုံကုတင်ပေါ်မှာငုတ်တုတ်ထိုင်ရင်း တစ်ခုခုကိုကြည့်ကာပြုံးနေတဲ့ appaကိုတွေ့လိုက်ရတယ်။

"Appa ရတနာလေး ရောက်လာပြီလား"

"Naeeee"

အပြေးသွားကာ appaရင်ခွင်ထဲခိုဝင်လိုက်တယ်။

"ဒီကလေးမကတော့လေ ခုထိကလေးလုပ်တုန်း"

ကျွန်မတို့သားအဖကိုကြည့်ရင်း ဘေးမှာထိုင်နေတဲ့ ommaကဆိုလာတယ်။

"သမီးက appaရဲ့ကလေးပဲဟာကို။ နော်  appa"

"Appaသမီးလေးအမှန်ဆုံး"

Ommaကဘာမှမပြောဘဲခေါင်းပဲခါနေတော့တယ်။

"သမက်ဂျွန် ပါလာတာလား။ ဝင်ခဲ့လေ။ ဒီကလေးမကတော့လေ ကိုယ့်ယောင်္ကျားကိုခေါ်ဖို့မေ့ရတယ်လို့"

Appaကိုတွေ့တော့အပျော်လွန်သွားပြီး ဦးဂျွန်ပါလာတာကို တကယ်မေ့သွားတာပင်😜

"ရပါတယ်ဗျ။ ဘေဘီက Arpunieဆီလာချင်နေတာကြာဖို့။ ကျွန်တော်ကမအားဖြစ်နေတာ"

"ဟုတ်ပါပြီ။ ဒါဆိုသမီးတို့ခဏနေအုန်း။ နေ့လည်နေ့ခင်း သမီး appaစားဖို့ omma အသီးလေးသွားဝယ်လိုက်အုန်းမယ်"

"ommonyie ဘာနဲ့သွားမှာလဲ။ ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"ရပါတယ် taxiနဲ့သွားလိုက်မယ်"

"မဟုတ်တာ ကျွန်တော်လိုက်ပို့ပေးပါ့မယ်။ သွားရအောင်လေ"

စကားတပြောပြောနဲ့ ဦးဂျွန်နဲ့ ommaကထွက်သွားတာမို့ appaနဲ့ကျွန်မပဲကျန်နေခဲ့တယ်။

My billionaire husband (သခင်ကြီးရဲ့ ချစ်ဇနီး)Where stories live. Discover now