လက်စားပဲချေမှာမဂေးဘူး

1.3K 129 0
                                    

အပိုင်း ၄၄

လင်းရှောင်၏ အစောပိုင်းပြင်ဆင်မှုများကြောင့် ဧကရာဇ္က အိပ်ပျော်စေသည့် အမွှေးတိုင်ရနံ့များစွာကို ရှုရှိုက်ထားမိပြီး အကြောထုံထိုင်းဆေးများကိုပါ မျိုချမိထား၍ ဧကရာဇ္က မသက်မသာဖြစ်နေသည်ကို လင်းရှောင်တွေ့မြင်နေရသည်။ ခဏအကြာတွင် လင်းရှောင်၏ ပခုံးပေါ်သို့ ခွေကျသွားသည်။

" အရှင်မင်းကြီး အရှင်မင်းကြီး ..."

လင်းရှောင် သူ၏ပခုံးပေါ်မှ လေးလံလာမှုကြောင့် ဧကရာဇ်၏ ပခုံးကိုကိုင်၍ အနည်းငယ်လှုပ်ခါကြည့်ပြီး စစ်ဆေးသည့်အနေဖြင့် အကြိမ်အနည်းငယ်ခေါ်ကြည့်နေမိသည်။

ဧကရာဇ္က မတုံ့ပြန်သည့်အခါ လင်းရှောင် ဝမ်းသာသွားပြီး ဧကရာဇ္ကို ကူတွဲပေး၍ ကုတင်ပေါ်သို့ တဖြည်းဖြည်းသွားလိုက်သည်။

" မူချုံးရွှမ် ... ကျွန်တော့်ကိုအပြစ်မတင်ပါနဲ့ ... ကျွန်တော်က အသက်ရှင်ချင်ရုံပါ ... ခင်ဗျားပြောတဲ့အတိုင်းလုပ်ပြီး ရိုးရိုးသားသားနေပြီး လိမ်ညာထားတာတွေပြောပြလိုက်ရင် ခင်ဗျားက ဒီတိုင်းထိုင်နေမယ်တဲ့လား ... ကျွန်တော်လည်း ကြံရာမရဖြစ်လို့ ဒီလိုလုပ်လိုက်ရတာပါ ..."

ထိုစကားများကိုရေရွတ်လျက် တစ်စုံတစ်ရာ တွေ့လိုတွေ့ငြား ဧကရာဇ်၏ကိုယ်ကို စမ်းကြည့်လိုက်သည်။ မကြာမီ ဧကရာဇ်၏ ခါးနားတွင် ရွှေရောင်အမိန့်ပြားကို တွေ့လိုက်သည်။

လင်းရှောင်ဝမ်းသာသွားပြီး ထိုတံဆိပ်ပြားကို ရင်ဘတ်ထဲထည့်ထားလိုက်သည်။

ပြတင်းပေါက်မှတစ်ဆင့် အိပ်ဖန်စောင့်များနှင့် ကုန်းကုန်းများ၏အရိပ် အလင်းပြန်သည်ကို မြင်လိုက်ရသောအခါ လင်းရှောင်၏မျက်လုံးများ တလက်လက်တောက်သွားပြီး အမိန့်ပြားကိုထိကာ လမ်းလျှောက်သွားပြီး တံခါးကိုဟလိုက်သည်။

အပြင်ဘက်တွင်စောင့်နေသည့် ရှောင်လိဇီက လင်းရှောင်ဆီသို့ ရောက်လာသည်။ သူအံ့အားသင့်သွားသော်လည်း လင်းရှောင်ကိုနှုတ်ဆက်ပြီး အရိုအသေပြုလိုက်သည်။
" အထိန်းတော်လင်း ..."

လင်းရှောင် ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
" အရှင်က ဒီနေ့ညငါ့ရဲ့နန်းဆောင်မှာပဲ အနားယူတော့မယ် မင်းတို့အားလုံး အနားယူကြတော့ ... မင်းတို့အားလုံး တစ်ညလုံးစောင့်နေဖို့ မလိုတော့ဘူး ..."

💜လက်စားပဲချေမှာမဂေးဘူး💜Onde histórias criam vida. Descubra agora