Ep - 1

1.1K 84 1
                                    

Chpater 1992   :   ဒါက အပြတ်အသတ် လုယက်နေတာပဲ။

နဉ်ရှု လျှို့ဝှက်လက်စွဲကျမ်းစာအုပ်ကို ရှာဖွေနေသည်။ ထိုအထဲတွင် ဝိညာဉ်စွမ်းအားနှင့်ပတ်သတ်သည့်အကြောင်းအရာ များစွာပါရှိလေသည်။ တချို့စာအုပ်များက စျေးကြီးပြီး တချို့စာအုပ်များက စျေးသက်သာလေသည်။
စျေးပေါသောစာအုပ်များသည် အမှတ်နှစ်ရာသာ လိုအပ်ပြီး စျေးကြီးသောစာအုပ်များကတော့ ကုသိုလ်မှတ် နှစ်ထောင်ကျော်နှင့် ယုံကြည်မှုရမှတ် ထောင်ပေါင်းများစွာ ကျသင့်လေသည်။

The F**k!? ဒါက အပြတ်အသတ် လုယက်နေတာပဲ !!

သို့သော် ကုသိုလ်မှတ် ဒါမှမဟုတ် ယုံကြည်မှုရမှတ်များဖြင့် လဲလှယ်ထားသောအရာများကို system က ပြန်သိမ်းယူမည်မဟုတ်။ ဒါကြောင့် သူမအနေနဲ့ တစ်စုံတစ်ခုနှင့် လဲလှယ်တော့မည်ဆိုလျှင် ကုသိုလ်မှတ် မဟုတ်ရင် ယုံကြည်မှုရမှတ်ဖြင့် လဲရန် စိတ်ကူးထားသည်။

နောက်ပိုင်း အထူးတာဝန်ထမ်းဆောင်ရချိန်ကျ systemအစုတ်ပလုတ်က သူမလက်စွဲစာအုပ်ပြန်သိမ်းသွားရင် ဘယ်လိုလုပ်မတုန်း ?!
အက်ဒီအခါကျ သူမလည်း ကျင့်ကြံဖို့ တတ်နိုင်တော့မှာ မဟုတ်ဘူး။

တကယ့် တကယ်တော့ system စီးပွားရေးလုပ်နေတဲ့ပုံစံက သူငွေရအောင် ဘာမဆိုလုပ်ဆောင်နိုင်စွမ်းရှိတယ်။

ကုသိုလ်မှတ် သို့မဟုတ် ယုံကြည်မှုရမှတ်များနှင့် ဝယ်ယူသည့်အရာများသာလျှင် ကိုယ်ဆီမှာ စင်စစ်ပိုင်ဆိုင်ခြင်းဖြစ်သည်။ အတွေ့အကြုံရမှတ်များနှင့် လဲလှယ်နိုင်သည့်အရာများကတော့ အလွယ်တကူ ဖယ်ရှားပစ်ခံရနိုင်သလို ၊ အင်အားသုံး ဖျက်စီးပစ်လည်း ခံရနိုင်သည်။

ဘယ်လောက်တောင် နှလုံးသားမဲ့လိုက်တဲ့ လောကကြီးလဲ ?

သူမ စာအုပ်အားလုံးကို အကြိမ်ကြိမ်ကြည့်ရှုပြီးသည့်တိုင်အောင် မဆုံးဖြတ်နိုင်သေးပေ။ စာအုပ်အတော်များများ တစ်အုပ်ချင်းစီတိုင်း၏ ဖော်ပြချက်များကို သူမဖတ်ပြီးသွားပြီ။

ထိုအခိုက်တွင် 'ဒင်' ဟူသော chat system မှ အချက်ပေးသံ ထွက်ပေါ်လာ၏။
နဉ်ရှု chat system ဖွင့်ပြီး မိန်းဇစ်ချင်းထံမှ စာတိုပို့ထားသည်ကို တွေ့လိုက်ရသည်။ ပုံရိပ်ယောင်နယ်မြေမှာ သူမနှင့်တွေ့ဆုံရန် တောင်းဆိုထားသည်။

Realm 32 : The World Of SummonersWhere stories live. Discover now