Ep - 3

278 40 2
                                    

Chapter 1994   :    ဝိညာဉ်တိုက်ခိုက်ရေးကျင့်ကြံသူတစ်ဦး။

"ကျွန်မ မေးစရာလေးရှိလို့.."

နဉ်ရှုထိုင်ချလိုက်ကာ ငွေရောင်ဆံပင်နှင့်အမျိုးသားကို ပြောလိုက်သည်။

ငွေရောင်ဆံပင်နှင့် အမျိုးသားသည် နဉ်ရှုနှင့်မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း

"ငါ မင်းကို ဆွေးနွေးခွင့် ၃ကြိမ်ပေးမယ်လို့ ကတိပေးခဲ့တယ်၊ ဒါနောက်ဆုံးတစ်ခေါက်ပဲ.."

နဉ်ရှုလက်ကို ဝေ့ယမ်းပြလိုက်ပြီး ...

" မဟုတ်ဘူး ၊မဟုတ်ဘူး။ ဒီတစ်ခါ ကျွန်မ ကျသင့်သလောက် ရှင်းမှာပါ ။ ကျန်တဲ့ ဆွေးနွေးခွင့် တစ်ခေါက်စာကို ချန်ထားဦးမယ်။"

အရေးကြီးတာ တစ်ခုခုကြုံကြိုက်လာလျှင် အနာဂတ်တွင် သူမကိုယ်သူမ ကယ်တင်ရန် ထိုတစ်ကြိမ်ကို ချန်ထားလိုက်မည်။
ယခုလို လျှို့ဝှက်လက်စွဲစာအုပ်ကို ရွေးချယ်ရန်အတွက်ဆိုသော အကြောင်းပြချက်သည် ဤကဲ့သို့ အရေးကြီးတဲ့ အလကားအခွင့်အရေးကို ဖြုန်တီးရာကျလွန်းသည်။

ငွေရောင်ဆံပင်နှင့် အမျိုးသားသည် စာအုပ်ထူထူပေါ် လက်တစ်ဖက်တင်ရင်း နဉ်ရှုကို ကြည့်လာသည်။

"မင်း ဘာမေးချင်တာလဲ..?"

"ကျွန်မ စိတ်ဝိညာဉ်တိုက်ခိုက်ရေးကျင့်ကြံချင်တယ်၊ ဘယ်လို လက်စွဲစာအုပ်မျိုးနဲ့ လဲလှယ်ရမလဲ..?"

ငွေရောင်ဆံပင်နှင့် အမျိုးသားမှာ အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားပြီးနောက်

"ဒါပဲလား..?"

နဉ်ရှုခေါင်းညိတ်ပြကာ ...

"အင်း"

"လျှို့ဝှက်လက်စွဲစာအုပ်တွေက အရမ်းဈေးကြီးပြီးတော့ ရွေးချယ်ရခက်နေလို့.."

"တိုက်ခိုက်မှု တစ်ခုဖြစ်လာဖို့ ဝိညာဉ်စွမ်အားကို ဖိအားပေးပြီး စိတ်ခွန်အားကို အသုံးပြုနိုင်တယ် "

ငွေရောင်ဆံပင်နှင့် အမျိုးသားသည် ၎င်းလက်ကို မြှောက်လိုက်ပြီး ဓားမြှောင်သဏ္ဍာန် တိုက်ခိုက်ရေးလက်နက်ကို လက်ထဲတွင် ဖန်တီးလိုက်၏။

Realm 32 : The World Of SummonersWhere stories live. Discover now