Ep - 2

394 49 2
                                    

Chapter 1993    :     နင့်အတွက် ဂုဏ်ပြုလက်ဆောင်။

"ကမ္ဘာတစ်ခုတည်ဆောက်ဖို့က တော်တော် ခက်တာပဲ "

နဉ်ရှု သက်ပြင်းချရင်း ပြောလိုက်မိသည်။ သုမကိုယ် သူမတောင် အသိုက်ဆောက်ဖို့ ပစ္စည်းတွေရှာရင်း လှည့်ပတ်ပြေးလွှားနေရသည့် ငှက်ကလေးတစ်ကောင်နှယ် ခံစားလာရသည်။

ငှက်သိုက်ဆောက်ရတာလည်း မလွယ်ပါ့လား

"ဒါနဲ့ စကားမစပ်၊ နင်ဘာလို့ ငါ့ကို ရှာနေတာလဲ ?"

မိန်းဇစ်ချင်း သေတ္တာတစ်ခုထုတ်ပြီး နဉ်ရှုရှေ့သို့ တွန်းပို့လိုက်သည်။

"နင် အဆင့်မြင့်တာဝန်ထမ်းဆောင်သူဖြစ်လာတဲ့အတွက် ဂုဏ်ပြုလက်ဆောင်.."

"ကျေးဇူးပဲ"

နဉ်ရှု လက်ဆောင်ကို လက်ခံပြီးနောက်

"လက်ဆောင်အပြင် ဘာပြောဖို့ရှိသေးလဲ ?"

မိန်းဇစ်ချင်း၏ အမူအရာမှာ အနည်းငယ် ချီတုံချတုံဖြစ်နေလေ၏။ နဉ်ရှုမှစတင်၍

"ဒါက ဘာဖြစ်နေတာတုန်း? ပြောမှာသာပြောစမ်းပါ.."

"အမ်၊ ဟိုလေ နင့်မှာ ယုံကြည်မှုရမှတ် နည်းနည်းလောက်ပိုရင် ငါ့ကို ချေးပေးလို့ရမလား ?"

မိန်းဇစ်ချင်းက ရှိုးတို့ရှန်းတန်းနှင့် ဆိုလေသည်။

နဉ်ရှုလည်း နည်းနည်းတော့ အံ့သြသွားသည်။

"နင့်မှာ ယုံကြည်မှုရမှတ်တွေ မရှိဘူးလား ?"

"ကမ္ဘာမတည်ဆောက်ရသေးဘဲနဲ့ ဘယ်လိုလုပ် ယုံကြည်မှုရမှတ်ရှိမှာလဲ..?  များသောအားဖြင့် ကိုယ်တည်ထားတဲ့ ကမ္ဘာကနေ ရလာတာလေ"

မိန်းဇစ်ချင်းဆို၏။

"တာဝန်ထမ်းဆောင်တဲ့ချိန် လူတွေက ယုံကြည်မှုရမှတ်မပေးကြဘူးလား..?"

သူမ၏ ယုံကြည်မှုရမှတ်အားလုံးမှာ တာဝန်ထမ်းဆောင်ရင်း ရလာခြင်းဖြစ်သည်။ တချို့သူတွေဆို သူမကို ရောင်ဝါတွေတောင် ပေးအပ်ခဲ့ကြသည်။

"အက်နည်းလမ်းနဲ့လည်း ရနိုင်ပေမယ့် အက်တာ ပိုခက်တယ်ဟ။ ဒါကြောင့် နင့်မှာ ယုံကြည်မှုရမှတ်ရှိလားလို့ မေးတာ "

Realm 32 : The World Of SummonersWhere stories live. Discover now