Part 4

127 14 6
                                    

lino လဲ jisung ကို ပွေ့ချီပီးအခန်းထဲထိခေါ်လာခဲ့ရသည်။ကုတင်ပေါ်ချပေးတော့ lino လည်ပင်းကို သိုင်းဖက်ထားတာမဖယ်ပေးပဲ အားနဲ့ပိုလိုတောင်် တွဲဖက်ထားသေးသည်။

ji::hyung ကျွန်တော်နဲ့အိပ်

lino::မဖြစ်ဘူးလေ အကိုလေး

ji::ဘာလို့မဖြစ်ရမှာလဲ jisung ကို ဘယ်သူလွန်ဆန်ရဲတာလဲ

lino::လွန်ဆန်တာမဟုတ်ပါဘူး

ji::အိပ်ဆိုအိပ် hyung ကို ကျွန်တော်ပဲ ပိုင်တာ
ကျွန်တော်နဲ့အိပ်

lino::ဟုတ်ကဲ့ အကိုလေး

ji::လိမ္မာလိုက်တာ ပြွစ့်

lino အနမ်းခံလိုက်ရတာကြောင့် လန့်သွားပေမဲ့ ကိုယ်တော်ချောကတော့အိပ်သွားသည်။ lino လဲ သဘောရိုးနဲ့နေမှာပါလို့တွေးပီး ကိုယ့်အခန်းကိုပဲ ပြန်လာခဲ့သည်။ အခန်းထဲရောက်လာတာတောင် ဘာမှန်းမသိတဲ့အနမ်းတစ်ပွင့်ကြောင့် ကိုယ့်ပါးကို ပြန်ကိုင်ပီး ရင်ခုန်သံတွေကို မနည်းထိန်းနေရသည်။

lino::မဖြစ်ဘူး lino စိတ်ကိုထိန်းထား အကိုလေးနဲ့ မင်းကမဖြစ်နိုင်ဘူး စိတ်ကိုထိန်း အိပ်တော့ အိပ်ပျော်အောင်အိပ်

lino ကိုယ့်ကို အားတင်းပီး အိပ်ပေမဲ့ အိပ်လို့မပျော်ခဲ့ပါဘူး ....နောက်နေ့ မနက် ရောက်တော့ အကိုလေးက ဘာမှမဖြစ်ခဲ့သလို ပုံမှန်လိုပဲ သူ့ကိုစကားတွေပြောနေသည်။

"မင်းဘာတွေမျှော်လင့်နေတာလဲ lino ရာ မုဖစ်နိုင်မှန်းသိရက်နဲ့ " ကိုယ့်ဘာသာကို တွေးပီး တစ်ချက်ရီမိလိုက်သည်။

ji::ငါပြောတဲ့အထဲရီစရာပါလို့လား

lino::မပါပါဘူး အကိုလေး

ji::ဒါဆိုမေးတာဖြေလေ ညက hyung လာခေါ်တာလားလို့

lino::ဟုတ်တယ် အကိုလေး

ji::မေမေ ဘာပြောသေးလဲ

lino::အန်တီက ဘာမှမပြောပါဘူး အကိုလေး

ji::ဟုတ်ပီ အခုခေါင်းကိုက်နေလို့ အအေးတစ်ဗူးလောက်သွားဝယ်ခဲ့

lino::ဟုတ်ကဲ့

lino လဲ အအေးဝယ်ဖို့ ထွက်လာခဲ့လိုက်သည် လမ်းမှာ ခေါင်းငိုက်ပီးလျှောက်လာတဲ့သူငယ်ချင်းကို လှမ်းမြင်လိုက်သည်။

I love you hyung Where stories live. Discover now