part 13

161 13 1
                                    

Next Day

ညက စိတ်ညစ်ညစ်နဲ့ အရက်တွေသောက်ပစ်လ်ုက်တာကြောင့် အိပ်ယာအခုမှနိုးလာတာကြောင့် စိတ်လန်းအောင် အအေးသောင်ရန် ဆင်းလာခဲ့သည်။ လှေကားထစ်ရဲ့ ေအာက်ဆုံး အထစ်နားရောက်ခံနီး အသံကြားလိုက်ရတာကြောင့် ဒေါသတို့ ထွက်မိသည်။

' မေမေ သား ဟန်နိ နဲ့ လက်ထပ်ချင်တယ် အဲ့ဒါ မေမေ ခွင့်ပြုပေးပါလား '

' သား သေချာစဥ်းစားပါဦး သားက ငယ်သေးတယ် မဖြစ်သေးပါဘူး သားရယ် '

' မေမေ သား သေချာပေါက်စဥ်းစားပြီးပြီ တစ်ညလုံးလဲ စဥ်းစားပြီးပြီး '

' jisung မေမေ ခွင့်မပြုဘူး '

' မေမေ ခွင့်မပြု လဲ သားကရအောင်လုပ်မှာပဲ '

' jisung ဒါကို နောက်စရာထင်နေတာလား မေမေက သားအသက်ငယ်ငယ်လေးရှိသေးလို့ပြောနေတာ '

' သားဘဝ သားထိန်းနိုင်တယ် သားပြောချင်တာပြောပြီးပြီ မေမေဘက်က ကြိုက်သလိုလုပ် သားက ရအောင်လုပ်မှာ '

'jisung ဟဲ့ jisung jisunggie '

အမေရဲ့ခေါ်သံတွေကို မကြားချင်ယောင်ဆောင်ကာ စိတ်ကိုဒုံးဒုံးချပြီး အခန်းထဲ ပြန်ဝင်ဖို့ လှည့်ထွက်လာခဲ့သည်။ ထိုချိန် အရှေ့က လူရဲ့ အားနဲ့ဆောင့်ဆွဲတာ ခံရတဲ့အပြင် အခန်းထဲ အတင်းတွန်းထည့်လိုက်တာကြောင့် လူက ပစ်လဲကျသွားသည်။ နာသွားတဲ့လက်တွေကို ဂရုမစိုက်ဘဲ တံခါးရှိရာ သို့ ပြန်သွားပြ တံခါးကို လှည့်ဖွင့်ပေမဲ့ မရတာကြောင့် ထိုလူအား မျက်စောင်းထိုးလိုက်ကာ

' ဒါ ဘာလုပ်တာလဲ လီနိုးရှီး '

' လီနိုးရှီး တဲ့လား '

' တံခါးကို အခုဖွင့်နော် '

' မဖွင့်ပေးတော့ ဘာလုပ်ချင်လဲ '

' ကျွန်တော်ကို စိတ်တိုအောင်မလုပ်နဲ့နော် '

' မနေ့က ကိစ္စကြောင့် လား '

' ခဗျားအပူမပါဘူး ခဗျားကိုလေ စိတ်ကုန်လွန်းလို့ ခဗျားမျက်နှာတောင်မကြည့်ချင်ဘူး '

' တကယ်ပဲ မင်း ဒီလိုလုပ်မှရမှာလား '

' စိတ်မဝင်စားဘူးမလား ဘာလို့ ဝင်စွက်ဖက်နေတာလဲ '

I love you hyung Where stories live. Discover now