2

38.5K 621 6
                                    

Unicode

"ရေး....... ဆရာက မင်းကို ရုံးခန်းခဏလာခဲ့ပါဦးတဲ့"

စာသင်ခန်းဆီဦးတည်နေတဲ့ ရေးရဲ့ခြေလှမ်းတို့က ရုံးခန်းရှိရာဘက်သို့ ပြန်ဦးလှည့်သွားသည်။

"ကျေးဇူး"

သူက အထက်တန်းရဲ့အတော်ဆုံးကျောင်းသားဖြစ်ကာ အတန်းခေါင်းဆောင်လည်းဖြစ်သလို ရုပ်ရည်အရလည်း ပြစ်ချက်မရှိ။ အတန်းကိစ္စတော်တော်များများတွင် ဆရာတို့၏အားထားခြင်းကို ခံရလေသည်။

ရုံးခန်းထဲရောက်သောအခါ အတန်းပိုင် ဦးစန်းတင့်မျိုးသည် သူ့အား စာရွက်တစ်ထပ်ပေးလာသည်။

"ဒီနေ့ လေ့ကျင့်ခန်းလုပ်ရမယ့်မေးခွန်းတွေ အတန်းထဲယူသွားလိုက်ဦး.... နောက်ပြီးတော့ ဒီမနက် ကျောင်းပြောင်းကျောင်းသားသစ်ရှိနေတာမို့ အတန်းဖော်အသစ်တစ်ယောက်ရောက်လာလိမ့်မယ် အားလုံးကိုအသိပေးပြီးသိပ်မဆူညံဖို့ဂရုစိုက်ထားပါဦး"

"ဒါဆိုမင်းပြန်လို့ရပြီ"

ရေးစကားမဆိုဘဲ စာရွက်များကိုသယ်မကာ အတန်းသို့ပြန်ရောက်လာခဲ့၏။

အတန်းထဲလူမစုံသေးပေ။ စာရွက်ကို ခုံပေါ်ချပြီး မာကင်ပင်ဖြင့်ဝှိုက်ဘုတ်ပေါ် အသိပေးစာရေးထားလိုက်သည်။

ကျောင်းတက်ချိန်ရောက်ခါနီးတော့ ကျောင်းသားများ တဖွဲဖွဲရောက်လာသည်။

အောင်ဇော်မျိုးဟူသည့်ကျောင်းသားတစ်ယောက်က အသိပေးစာကိုမြင်ပြီး ဆိုလိုက်သည်။

"ကျောင်းပြောင်းကျောင်းသားအသစ်လား ပထမစစ်မေးခြင်းစာမေးပွဲတောင်ရောက်တော့မှာ ကျောင်းပြောင်းတာအရမ်းနောက်ကျမနေဘူးလား"

"အတန်း၁ကိုပြောင်းလာနိုင်ကတည်းက မင်းသူ့ကိုအထင်သေးလို့မရဘူးလေ..... စာတော်ပြီးစာလိုက်နိုင်တဲ့လူလည်းဖြစ်နိုင်တာပဲ"

အောင်ဇော်မျိုးက နှာတစ်ချက်ရှုံ့သည်။ တကယ်တော့သူက မနာလိုစိတ်တအားပြင်းတာ။ ဒါကို တစ်တန်းလုံးသိကြသည်။

ရေးကိုမကျော်ဖြတ်နိုင်လို့သာ အဆင့်ရော ရုပ်ရည်ပါ ဒုတိယနေရာမှာတစ်နေရတာ။ ကျန်တဲ့လူတွေကိုတော့ ဖွဲဆန်ကွဲမျှတောင်သူမထင်။ ထိုကျောင်းသားအသစ်က တော်လိမ့်မည်လို့တော့ မသိစိတ်ထဲကသူ့ကိုသတိပေးနေသည်။

Psychopath (completed) Where stories live. Discover now