8

28.8K 399 2
                                    

ညနေကျောင်းဆင်းတာနဲ့ မွေးနေ့ပွဲသွားမယ့်အတန်းသားတချို့က ဆိုင်ကောင်းကောင်းတစ်ခုကို ရှာတွေ့သွားကြသည်။

လူတိုင်းကစိတ်လှုပ်ရှားနေကြပြီး ဘီယာအနည်းအကျဥ်းပါမှာ၍ ပျော်ရွှင်စွာစားသောက်ကြတော့၏။ နာရီအနည်းငယ်ခန့်ကြာတော့ မိုးချုပ်လာပြီး လူစုခွဲရန်ပြင်လိုက်၏။

ယနေ့မွေးနေ့ပွဲလာတဲ့လူတွေထဲမှာ မိန်းကလေးသုံးယောက်၊ ဒွိလိင်နှစ်ယောက်နှင့် ကျောင်းသားရှစ်ယောက်ပါလေသည်။ တခြားအတန်းဖော်များက ယခင်ရက်ကအမှုကြောင့် မိဘများကစိတ်မခိလို့မလွတ်ပေ။

လူတိုင်းဆိုင်ပြင်ရောက်တဲ့အခါမှာ လှိုင်းက ပတ်ဝန်းကျင်ကိုအကဲခတ်၍....

"ည ၇နာရီထိုးတော့မယ် လူခွဲပြန်ရင်အဆင်ပြေပါ့မလား ဒါမှမဟုတ် ဘတ်စ်ကားသီးသန့်ငှားပြီး တစ်ဦးချင်းစီအိမ်ပြန်ပို့မလား"

ထိုအကြံပြုချက်ကို လူတိုင်းက ထောက်ခံသည်။ တစ်ဦးချင်းစီပြန်ဖို့က လုံခြုံမှုသိပ်မရှိချေ။

အနားတွင် အသင့်ရပ်ထားသောဘတ်စ်ကားကိုတွေ့တာနဲ့ သူတို့အားလုံးငှားရမ်းလိုက်ကြသည်။

"ငါနည်းနည်းမူးလာသလိုပဲ"

ကားစထွက်တာနဲ့ ကျောင်းသူတစ်ယောက်က ဆိုလိုက်သည်။ သူမက ဘီယာကို တစ်ခွက်လောက်ပဲသောက်ခဲ့တာပါ။

သူမဘေးက အဖော်ကအကြံပြုလိုက်သည်။

"နင် တစ်ရေးမှေးလိုက်လေ နင့်အိမ်ရောက်ရင်နှိုးလိုက်မယ်"

သူမလည်းအများကြီးထပ်မပြောဘဲ ခုံမှီကာအိပ်ရန်ပြင်လိုက်၏။ သို့ပေမယ့် အိပ်၍မရချေ။

ခေါင်းသည် တရိပ်ရိပ်ဖြစ်လာပြီး ယင်းတက်နေသောဘိန်းစားတစ်ယောက်လို ရီဝေလာသည်။

ကားသည် လမ်းမီးတိုင်အောက် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ဒွိလိင်တစ်ယောက်သည်ကား သူ၏တခြားဒွိလိင်အဖော်ကိုတံတောင်နဲ့တွတ်၍....

"မပူဘူးလား"

"နည်းနည်းအိုက်သလိုပဲနော်"

"ငါလည်းပူနေတယိ အဲကွန်း ပိတ်ထားတာထင်တယ်"

ထိုသို့ပြောရင်း မော့ကြည့်လိုက်ပေမယ့် အဲကွန်းကဖွင့်ထားလျက်သား။

Psychopath (completed) Where stories live. Discover now