အစမို့ပါ

18.1K 51 1
                                    

ကျယ်ဝန်းသောခြံကြီးတစ်ခုအတွင်းမှ လှပသောတိုက်လေးတစ်လုံး၏ရှေ့ မြက်ခင်းပေါ်ရှိခုံတန်းလေးပေါ်တွင် စာထိုင်ဖတ်နေသောကောင်မလေးမှာ စိုးမိုးခိုင်ဟူသောဆယ်ကျော်သက်အရွယ် အပျိုမလေးတစ်ဦးပင် ဖြစ်လေသည်။

သူမ၏ဖခင်သည် ကုမ္ပဏီတစ်ခု၏ပိုင်ရှင်ဖြစ်သည်။

အသက်အရွယ်အားဖြင့်(၁၉)နှစ်အတွင်းသို့ ဝင်ကာစသာရှိသေးသော်လည်းကိုယ်လုံးပြည့်ပြည့်ဖြိုးဖြိုးနှင့် အလှတွင်ပြိုင်ဖက်ကင်းသူတစ်ဦး ဖြစ်နေလေပြီ။

ဖြူဝင်းသောအသားအရေ မို့မို့အိအိရင်သားကလေးများ သေးကျဉ်သောခါးနှင့် ကားစွင့်နေသောတင်ပါးများ ဆင်နှာမောင်းကဲ့သို့ သွယ်ဆင်းနေသောပေါင်တန်များဖြင့် သူမ၏ဖွံ့ဖြိုးစအလှကို တန်ဆာဆင်ထားလေသည်။

မျက်တောင်ကော့လေးများအောက်မှ မျက်နက်ဝန်းတစ်စုံမှာတောက်ပပြီး အရည်ကြည်လဲ့နေကြသလို ဖြောင့်စင်းသောနှာတံလေးအောက်မှ နှင်းဆီဖူးနှုတ်ခမ်းလေးနှစ်လွှာမှာ ဆေးမဆိုးရဘဲနီရဲစိုစွတ်နေလေသည်။

ယနေ့တွင်အစ်မဖြစ်သူနှင့်မိခင်တို့သည် ဗိုလ်ချုပ်စျေးသို့ထွက်သွားကြပြီး ဖခင်ကလည်းအလုပ်သွားနေသောကြောင့် သူမနှင့်အတူအိမ်ဖော်မလေးသာကျန်ခဲ့ကာ တစ်ခြံလုံးတိတ်ဆိတ်နေလေသည်။

သူမသည်စာအုပ်ကိုဖတ်နေရင်း အိပ်ချင်လာလေသည်။

"မပုရေ စိုးကိုသံပုရာရည်တစ်ခွက်လောက် ယူခဲ့ပေးပါ" ။

အချိန်အတော်ကြာသော်လည်း မပုကပေါ်မလာချေ။

ထို့ကြောင့် စိုးမိုးခိုင်သည်ထိုင်နေရာမှထကာ မီးဖိုချောင်သို့ထွက်လာလေသည်။

မီးဖိုချောင်ထဲတွင်လည်း မပုကိုမတွေ့ရသောကြောင့် အလုပ်သမားတန်းလျားဖက်သို့ ထွက်လာလေသည်။

မပု၏အခန်းရှေ့တွင် ယောကျ်ားဖိနပ်တစ်ရံနှင့် မပု၏ဖိနပ်ကိုတွေ့လိုက်ရသဖြင့် သူမ၏စိတ်ထဲမှ စဉ်းစားလိုက်မိသည်။

"အင်း မပုမှာယောကျ်ားမရှိဘူး သူ့ဧည့်သည်လားမသိဘူး" ။

စိုးမိုးခိုင်သည်တန်းလျားနားသို့ တဖြည်းဖြည်းကပ်သွားရင်းလှေခါးနားရောက်သောအခါ အိမ်ထဲမှအသံများကို ကြားလိုက်ရလေသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 30, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

အစမို့ပါDonde viven las historias. Descúbrelo ahora