Unicode~
"အစ်ကိုကတော့ စိတ်လိုက်မာန်ပါလုပ်ချလိုက်ပြန်ပြီ၊သူများသားသမီးကိုဒီလောက်ထိလုပ်စရာလိုလို့လား..."
"ငါလည်း အဲ့တုန်းက အရမ်းဒေါသထွက်နေတာနဲ့ ဘာမှမတွေးမိတော့ဘဲ လုပ်မိလိုက်တာ သတိကိုမရလာတော့ဘူးလေ။"
လမ်းပေါ်မှာအေးခဲပြီးသေသွားရင် ပြဿနာတွေပိုတက်မှာမို့ အိမ်ကိုသာခေါ်လာခဲ့လိုက်သည်။
ကျယ်၀န်းလှတဲ့ အနက်ရောင် Penthouseထဲသို့ ကောင်လေးတစ်ယောက်ကိုပွေ့ချီကာ၀င်လာတဲ့ အစ်ကိုဖြစ်သူကို မြင်တော့ ဂယူဗင်းတစ်ယောက် ပါးစပ်အဟောင်းသားကိုဖြစ်နေရသည်။*ဒီလိုအစ်ကိုက ဒီလိုကောင်လေးကိုပွေ့လာတယ်!!*
"မင်းကောင်လေးကိုဖုန်းဆက်ခေါ်လို့ရလား...မိသားစုဆရာ၀န်ခေါ်လိုက်ရင် ရှင်းနေရမှာစိုးလို့။"
"အာ အစ်ကိုကတော့ဗျာ...ကျွန်တော့်ကလေးကို ညဘက်ကြီးကျမှ လုပ်ပြန်ပြီ။"
"ခေါ်မှာသာခေါ်လိုက်စမ်းပါကွာ၊မင်းကြည်နူးချင်ရင်ကျ အစ်ကိုဖြစ်တဲ့ ငါ့မျက်နှာတောင်
မထောက်ဘဲ ခေါ်လာနေကျကို...""အိုကေလေ...ဟိုကလေးကိုသနားလို့နော်၊
အစ်ကို့ကြောင့်မဟုတ်ဘူး။""အင်း သိတယ်။"
"ဟယ်လို ကလေး...ကိုယ့်ဆီမှာလူနာတစ်ယောက်ရှိနေလို့ လာပေးလို့ရမလားလို့ပါ။"
"အာ..အိုကေ၊ကိုကိုစောင့်နေမယ်နော်~"
"ဝေါ့!ဘာကိုကိုလဲ ငါ့ရှေ့မှာ..."
"လာလှောင်မနေနဲ့၊အချစ်မခံရဖူးတော့ဘယ်သိမလဲ ကျွတ်စ်..."
ညီအစ်ကိုနှစ်ယောက် အသက်ကွာတယ်
ဆိုပေမဲ့ စစနောက်နောက်တော့ရှိတတ်ကြသေးသည်။အေးစက်ခက်ထန်လွန်းတဲ့ဂျီအူးက ညီဖြစ်သူ ဂယူဗင်းကိုတော့ချစ်ရှာသည်။"အ့!"
"ဟင်...နိုးလာပြီ!"
ယူဂျင်းကရေပက်တိုက်နေတာမို့ အသံသေးသေးလေးကိုကြားလိုက်ရသည်နှင့် သတိရလာမှန်းသိလိုက်ရသည်။
"ကိုကို...ဒီကိုလာပါအုံး!"
"ဘာဖြစ်တာလဲ ကလေး..."
YOU ARE READING
Let ME Be Your Sunshine
Fanfictionစိတ်ပျက်စရာကောင်းတဲ့ကြောက်ရွံ့မှုတွေနဲ့အတူ Genophobiaတစ်ယောက်ကိုထွေးပွေ့ပေးမဲ့လူ... Jiwoong-ကိုယ်ကမင်းရဲ့Sunshineလေးဖြစ်ပေးပါရစေ။ Woongthew Fanfiction~